(15)

16K 1.1K 78
                                    

Zawgyi

မီးရောင်စုံတွေကြားမှာရှောင်းကျန့်တစ်ယောက် ယောင်လည်
လည် ဖြစ်နေသည်။ လူတွေကလည်းရှုပ်တော့
ဒီနေရာကို သိပ်တော့မကြိုက်။ဒါပေမယ့်သူ့အတွက်
ကျင်းပတဲ့ပွဲဖြစ်နေတာကြောင့် သီးခံနေရသည်။
ဒီကြားထဲစိတ်အိုက်နေရသေးတယ် ဒီလိုလူတွေများတဲ့နေရာကို မရောက်ဖူးဘူးဆိုတော့။
ထို့နောက် အပေါ်ကုတ်လေးကို ချွတ်လိုက်သည်။ သို့နှင့်
အတွင်းဘက်က ရှပ်အဖြူလေးနဲ့ ထိုလူသားက
သိပ်ကြည့်လို့ ကောင်းပါတယ်။ လူတိုင်းရဲ့ အကြည့်တွေကလည်း သူ့ဆီမှာ။

" သားကျန့်လေး... "

ရှောင်းကျန့်အနောက်ကခေါ်နေတဲ့အသံကသူရင်းနှီးနေကျ
အသံလေးဖြစ်နေ၍ချခနဲလှည့်ကာကြည့်လေသည်။ ထိုတော့
သူ့ကို ခေါ်တာက မားမားပင်။

" ဟင် မားမား!

"သားကျန့်လေး.... "

သူမကရှောင်းကျန့်ကိုဖက်ကာငိုနေသည်။ ရှောင်းကျန့်ကလဲ
မားမားကို မတွေ့တာ ကြာနေပြီဖြစ်တာကြောင့် မျက်ရည်
အဝိုင်းသားနဲ့သာ ပြန်ဖက်ထားလေရဲ့။

ဒီကလေး ဘယ်လိုဖြစ်ပြီး ဒီမှာရှိနေရတာလဲ။ ဒီနေရာက
သူမနေသင့်တဲ့ နေရာဆိုတာ မသိဘူးလား။ မဖြစ်ဘူး
ဒီနေရာက သားကျန့်အတွက် အချိန်မရွေး အန္တရယ်တွေ
ယူလာပေးနိုင်တယ်။ တစ်နည်းနည်းနဲ့ဖြစ်ဖြစ် သားကျန့်ကို
ဒီကနေ ခေါ်ထုတ်သွားရမယ်။

" မားမား... "

"သားကျန့်လေး ဒီကိုဘယ်လိုလုပ်ရောက်လာတာလဲ... ?

"တစ်ကယ်တော့... ဟို.. "

"ရှောင်းကျန့်..!

ရိဖန်ကဝိုင်ခွက်လေးကို ကိုင်ကာရှောင်းကျန့်နားကို
တစ်ဖြည်းဖြည်းကပ်လာသည်။ ထို့ကြောင့် သူမက ရှောင်းကျန့်ကို အနောက်မှာ ဖွက်ထားလိုက်ရတယ်။ သားကို
ဒီက ခေါ်ထုတ်သွားမယ့် အစီစဉ် ပျက်သွားလို့ ဘယ်ဖြစ်မလဲ။

"အော် ဝမ်ဝမ် မင်းကရှောင်းကျန့်နဲ့သိနေတာလား..!

ရိဖန်ကသူမရဲ့မျက်ဝန်းတွေကိုစေ့စေ့ကြည့်ကာမေးတော့
သူမကမျက်လွှာလေးချထားလိုက်တော့သည်။

💕Oo💞 (Completed) Where stories live. Discover now