He is my Masterpiece Chapter 2

5.2K 402 6
                                    

ရှောင်းကျန့်အဝတ်ဖြူလေးအားဖယ်လိုက်ချိန်မှာ မြင်တွေ့လိုက်ရသည်က... အစပျိုးထားသောပန်းချီတချပ်။လူတစ်ယောက်၏ပုံတူပန်းချီဆွဲရန်ဖြစ်မည် သို့သော် ရွှေရောင်ဆံပင်နှင့် မျက်ဝန်းညိုလေးသာဆွဲရသေးသော ထိုပန်းချီ၊

XZ: ရင်းနှီးနေတဲ့မျက်ဝန်းတွေ...ဘယ်သူများလဲ?
Angel!!!!

ဟုတ်ပါသည် သူ့ရဲ့အိပ်မက်ထဲကAngelပါ အိပ်မက်ထဲမှာ မျက်နှာတစ်ခုလုံးရှင်းရှင်းလင်းလင်းမမြင်ခဲ့ပေမယ့် စူးရှနွေးထွေးတဲ့မျက်ဝန်းကြည်ကြည်လေးတွေနှင့် မှည့်နေတဲ့ဂျုံခင်းလေးလို ဒီရွှေရောင်ဆံနွယ်ပျော့ပျော့လေးတွေ.. သူမမေ့ပါ။ သို့သော်ပန်းချီကားထဲကမျက်ဝန်းလေးတွေကတော့ ဝမ်းနည်းရိပ်သန်းနေသလိုလို..

ညို့ခံထားရသူလိုပဲ ရှောင်းကျန့်တယောက် ထိုပန်းချီအားအပြီးသတ်ချင်မိသည်၊ ပန်းချီဆွဲချင်လာသဖြင့် အနားမှာ ပန်းချီဆွဲရန်လိုအပ်သည်များရှာဖွေတော့သည်၊ ခွက်ထဲဆေးများညှစ်ထည့်လိုက်ပြီး စုတ်တံဖြင့်သူစဆွဲမိလေတော့သည်။
ဘယ်နှခုနှစ်ထဲကပန်းချီမှန်းမသိပေမယ့် ကင်းဗက်စဟာ အသစ်အတိုင်းလိုပင် စုတ်တံနဲ့တို့ထိလိုက်တိုင်း ဆေးစက်တွေကအသက်ဝင်လာသလိုလို၊ ဒါမယ့် သူမျက်နှာတော့မဆွဲရသေး အိပ်မက်ထဲမှသူမှတ်မိသော အတောင်တစ်စုံရယ် နွေးထွေးတဲ့ရင်ခွင်ရယ် ဆံနွယ်တွေရယ်ကို သူအကြမ်းအရင်စုတ်တံနဲ့ရေးခြစ်ထားတယ်။

သူဆက်ဆွဲချင်သေးသော်လည်း မီးအိမ်မှမီးစာကကုန်ချင်နေပြီမို့ မနက်မှ အလင်းကောင်းကောင်းဖြင့်ဆွဲမည်ဟုစိတ်ဆုံးဖြတ်ကာ အိပ်ယာဝင်ခဲ့လိုက်တော့သည်။

Dream~~~start

သူပန်းချီဆွဲရန် ဒေါက်တိုင်နှင့် ပစ္စည်းတွေ ကိုင်ကာ view လှလှလေးလိုက်ရှာနေမိသည်၊ ဟော..ဟိုကချယ်ရီပင်ကြီးကလှလိုက်တာ လူလဲရှင်းတယ် လေတိုက်လို့အပွင့်လေးတွေလဲကြွေနေတယ် အဲ့အောက်မှာပန်းချီဆွဲရမယ်၊

သူချယ်ရီပင်အောက်မှာ အသေအချာပြင်ဆင်ပြီး ပန်းချီဆွဲနေရင်း ချယ်ရီပွင့်လေးတွေကြွေကျလာတာကိုသဘောကျနေမိတယ်။ သတိမထားမိပဲဆက်ဆွဲနေရင်း ချယ်ရီပွင့်လေးတွေတအားကြွေကျလာတော့မှ သတိထားမိတော့တယ်။

He is my MasterpieceWhere stories live. Discover now