He is my Masterpiece Chapter 1

13.8K 552 16
                                    

သူမြင်နေရတဲ့ လေအဟုန်ကိုခွင်းနေတဲ့တောင်ပံတွေဟာ ရွှေအဆင်းနဲ့၊ သူဟာတိမ်တွေပေါ်ရောက်နေတယ် တစ်စုံတစ်ယောက်ရဲ့ရင်ခွင်ထဲမှာနွေးထွေးစွာနဲ့ပေါ့၊ သူ့ကိုပွေ့ချီထားတဲ့လက်တစုံဟာလဲသန်မာလွန်းတယ် ဒီတစ်စုံတစ်ယောက်ရဲ့ ရင်ခွင်ထဲမှာသူဟာလုံခြုံနေလေရဲ့။

လှပလွန်းတဲ့တောင်ထိပ်ပေါ်က မနက်ခင်းနေရောင်ခြည်အောက်မှာ သူမော့ကြည့်ပေမယ့် ထိုအတောင်ပံနဲ့နတ်သားလေးရဲ့မျက်နှာလေးက ဝိုးတဝါး၊ နှုတ်ခမ်းလေးကတော့ ရဲစိုနေတယ်.. ။

ငုံ့ကျလာတဲ့ နှုတ်ခမ်းလေးနဲ့အတူ ရွှေရောင်ဆံပင်လေးတွေကလဲ ဝဲခနဲကျလာတယ်၊ ထိကပ်ခါနီးနှုတ်ခမ်းလေးနှစ်ခုနဲ့ ရင်ခုန်သံလေးတွေဟာ သူတို့နှစ်ယောက်ကိုအဝေးကိုတွန်းပို့လိုက်တဲ့ တစုံတရာအောက်မှာ ဝေးသွားကြတယ်၊ မှီလိုမှီငြား သူ့လက်တွေကိုဆန့်တန်းပြီး အတောင်ပံပိုင်ရှင်လေးဆီ လက်လှမ်းသော်ငြားလဲ ပိုသာဝေးပြီး မြင်ကွင်းတွေလဲမှောင်မိုက်လာတယ်၊ ကြောက်တယ် မဝေးပါရစေနဲ့ မဝေးပါရစေနဲ့... Angel!!!!

ရှောင်းကျန့်: Angel!!!!
အော်ဟစ်ရင်းလူကချွေးစေးတွေပြန်ပြီးနိုးလာခဲ့ပြန်ပြီ။
ဒီအိပ်မက်ဟာ သူ့အသက်16နှစ်ပြည့်ပြီးချိန်ကစပြီး မက်ခဲ့တဲ့အိပ်မက်။စမက်ခါစကတော့ အကြာကြီးနေမှတခါတလေ သို့သော်လည်း ခုနောက်ပိုင်း ခဏခဏမက်လာခဲ့သည်။

အိပ်မက်ဆိုးလို့လဲသူနာမည်မတပ်ရက်ပါ၊ နွေးထွေးလုံခြုံမှုကိုပေးတဲ့ ဆံပင်ရွှေရောင် အတောင်ပံရွှေရောင်နဲ့ နတ်သားလေးဟာ အိပ်မက်ထဲမှာတောင်ပန်းချီဆန်လွန်းသည်လေ၊ ဒီလောက်လှတဲ့အိပ်မက်လေးဟာ ဘာကြောင့်များ အမြဲတမ်းအဆုံးသတ်ထိမလှပနိုင်ရတာလဲ ရှောင်းကျန့်တွေးမရပါ။

နိုးတဲ့အတူတူတော့ ပြန်မအိပ်တော့ပဲ ရေချိုးသန့်စင်ပြီး မနက်စာစားမလို့ပြင်ချိန်မှာရောက်လာတဲ့ကြေးနန်းပို့သမား (စာပို့သမား) အသံကြောင့် သူစာသွားယူပြီးဖွင့်ဖတ်လိုက်တယ်။

ရှေ့နေဆီက တိတိကျကျပြောရရင် တစ်ခါမှမမြင်ဖူးခဲ့သော အဖိုးဆီမှ အမွေများလက်ခံဖို့အတွက် လာခဲ့ဖို့ ၊ ဖြစ်နိုင်ပါက အမြန်ဆုံးလာရန် အဖိုးသည်အခြေအနေမကောင်းဟုဆိုသည်။

He is my MasterpieceHikayelerin yaşadığı yer. Şimdi keşfedin