All fic of white Dwarfs Introduce

3.4K 104 10
                                    

Hello My Medicine 💊

ကိုယ်ကတော့ White Dwarfs ပါ။
Author White Dwarfs လို့မိတ်မဆက်ဝံ့ပါဘူး ဘာလို့လဲဆိုတော့ ဒီ Wattpad ကမ္ဘာကိုရောက်တာမကြာသေးလို့ပါ။ Nov 2019 လောက်ကမှ TU ကြည့်ပြီး Xiao Zhan နဲ့ Yibo တို့အတွဲကိုတစ်အားသဘောကျရာကနေ သူငယ်ချင်းတယောက်က Fanfiction တွေဖတ်ကြည့်ပါလားညွှန်းရာကနေ ကိုယ်ဒီ Wattpad ကမ္ဘာငယ်လေးထဲ စာဖတ်သူ Reader အနေနဲ့စရောက်လာခဲ့တာပါ။

နောက်တော့တစ်ရက် fanart ပုံလေးတွေကြည့်ထားတာကနေ ပန်းကန်ဆေးနေရင်းရုတ်တရတ်ကြီးခေါင်းထဲကို Scientist and His Merman ဆိုတဲ့ခေါင်းစဉ်တစ်ခုဝင်လာခဲ့တယ်။ တကယ်မညာဘူး ပန်းကန်ဆေးရင်းတန်းလန်းကြီး ခေါင်းထဲကို စာသားတစ်ချို့နဲ့ ဇာတ်လမ်းလေးပေါ်လာလို့ ပန်းကန်တွေအကုန်ထားခဲ့ပြီး လက်အမြန်ဆေးပြီး စာထိုင်ရေးဖြစ်တာပဲ။ အဲ့ဒါကိုယ့်ရဲ့ စာစရေးဖြစ်ခြင်းအစပေါ့နော် Jan 2020 ဆိုတော့ ခုစာရေးသက်က ရှစ်လပေါ့။

ရှစ်လအတွင်းမှာ ZhanYi & YiZhan Fanfiction 7 ပုဒ်နဲ့ OC (short story) သုံးပုဒ်ရေးပြီးသွားပါပြီ။ ZhanYi တစ်ပုဒ်ကတော့ ခု Ongoing ပါ။ အောက်မှာ Link လေးတွေနဲ့ မိတ်ဆက်ပေးပါရစေ။

(1) YiZhan
"Scientist and His Merman (Completed)" by WhiteDwarfs4 on Wattpad https://my.w.tt/lW0ErRIsF3

ချစ်စရာကောင်းတဲ့ Merman လေး Zhan Zhan နဲ့ ကျိန်စာသင့်နေတာကိုပျောက်အောင်ကုဖို့ Merman ရဲ့နှလုံးသားလိုက်ရှာနေတဲ့ မချစ်တတ်တဲ့ Scientist ဝမ်ရိပေါ် ရဲ့အကြောင်းလေးပါ။ မချစ်တတ်တဲ့ Scientist လေးက Merman လေးကြောင့်အချစ်မှာဘယ်လိုပျော်ဝင်သွားမလဲဆိုတာ....

#I feel like a part of my soul has loved you since the beginning of everything. Maybe we’re from the same star (XZ)

#In all the world, there is no heart for me like yours. In all the world, there is no love for you like mine (WYB)

❤💚❤💚❤💚❤💚❤💚❤💚❤💚❤💚

(2) YiZhan & ZhanYi
"He is my Masterpiece (Completed)" by WhiteDwarfs4 on Wattpad https://my.w.tt/ezh4Wp28N3

အရင်ဘဝကို အိပ်မက်ပြန်ပြန်မက်နေတဲ့ ပုံတူဆွဲပန်းချီဆရာလေး Xiao Zhan တစ်ယောက်၊ အိပ်မက်ထဲက Angel Yi Bo ကို ဒီဘဝမှာရော ပိုင်ဆိုင်ခွင့်ရမှာလား?

Angel Yi Bo လေးရဲ့မျက်ဝန်းတွေကရော ဘာလို့နာကျင်ကြေကွဲမှုတွေပြည့်နေတာလဲ?

အရင်ဘဝက Sean Xiao လေးရဲ့အကြောင်းတွေအကုန်သိပြီးသွားရင်ရော ဒီဘဝက Xiao Zhan လေးနဲ့ Angel Yi Bo တို့ဘယ်လိုဆက်ဖြစ်ကြမှာလဲ?

He is my MasterpieceWhere stories live. Discover now