He is my Masterpiece Chapter 8

5K 407 33
                                    

ရိပေါ်လေးတစ်ယောက် အရမ်းတွေကိုပျော်ရွှင်နေမိသည်။လူဖြစ်လာတော့ အရင်နတ်သားဘဝနဲ့မတူ စည်းမျဉ်းစည်းကမ်းတွေလဲ မရှိ ယုန်ပေါက်လေးကောကောကလဲ သိပ်အလိုလိုက်တော့ အိုးး ပျော်လိုက်တာမှ။

လူဖြစ်လာတာတစ်လလောက်ကြာတော့ တဖြည်းဖြည်းနဲ့အရင်နတ်သားဘဝက မှတ်ဥာဏ်တွေပျောက်လာသည် ကောနှင့်ပတ်သတ်တာတွေသာ ကျန်ခဲ့တော့သည်မို့။ အခုက လူတယောက်လိုပင် ကိုယ့်ကိုကိုယ်တောင် ကောထက်ငယ်သည်လို့ပဲ ခံစားရတော့သည်။ အရင်က cool ဖြစ်သည့်နတ်သားရိပေါ်ပုံစံမရှိတော့ ချစ်စရာကောင်းသော အသက်20အရွယ် ကောင်ကလေးရိပေါ်သာဖြစ်နေတော့သည်။

ရိပေါ်: ကောရေ..ယုန်ပေါက်လေး ကောရေ

ရိပေါ်တစ်ယောက်အသံစာစာနဲ့ သူ့ကောကိုလိုက်ရှာနေတယ်။ အိပ်ခန်းထဲလဲမရှိ ပန်းချီခန်းထဲလဲမရှိ..အိမ်ကြီးက အရမ်းကြီးပြီးအခန်းတွေများပေမယ့် ကောရှိနေတတ်တဲ့အခန်းက သိပ်မများပါ။

ရိပေါ်: မီးဖိုချောင်ပဲရှာဖို့ကျန်တော့တယ်..Gardenကပြင်နေတယ်ပြောတော့ ​ကောရှိမှာမဟုတ်ဖူး၊ ခုတလော ကောတစ်ယောက်ဘာတွေအလုပ်ရှုပ်နေမှန်းမသိဘူး..အရင်ကဆိုအိပ်ယာနိုးတာနဲ့အတူတူရှိနေတတ်တဲ့ဟာကို..ဟွန့်

ဆူပုတ် ဆူပုတ်နဲ့ မီးဖိုချောင်ထဲဝင်လာတော့ ဘူးလှလှလေးတစ်ဘူး၊ cup cake လှလှလေးတစ်ခု၊ coffee တစ်ခွက်နှင့် နှင်းဆီအဖြူလေးတစ်ပွင့် ဘေးမှာစာရွက်ကလေးတစ်ရွက်၊
ရိပေါ် စာရွက်လေးယူဖတ်ကြည့်လိုက်တော့..

"Wear the suit in a box and follow the rose my baby angel!"

ရိပေါ်ဘူးလေးကိုဖွင့်ကြည့်တော့ အဖြူရောင်ဝတ်စုံလေးနဲ့ဖိနပ်လေး၊

ရိပေါ်: ကောတစ်ယောက်date လုပ်မလို့များလားမသိဘူး 😄 ပျော်စရာကြီး

ရိပေါ်လေးဝတ်စုံဝတ်၊ cake လေးတစ်ကိုက်ကိုက်၊ coffee လေးတစ်ငုံသောက်ပြီး နှင်းဆီပန်းလေးကိုကောက်ကိုင်ကာ နောက်နှင်းဆီ တပွင့်ပြီး တပွင့်ကောက်ရင်းGardenနောက်ဘက်ရေကန်ကြီးဆီရောက်လာတော့ သူ့လက်ထဲနှင်းဆီတွေက ပန်းစည်းတစည်းစာလောက်။
နှင်းဆီတွေငုံ့နမ်းရင်းခေါင်းမော့လိုက်မှ ပန်းတွေခင်းထားတဲ့လမ်းလေးရယ် ဘေးတဖက်တချက်ကခုံတန်းလေးတွေမှာ တခါတခါကောဆီလာတတ်တဲ့ဧည့်သည်တွေရယ် ပန်းခင်းလမ်းလေးအဆုံးက သူနဲ့ဆင်တူဝတ်စုံဖြူလေးနဲ့ ကောရယ်။

He is my MasterpieceWhere stories live. Discover now