He is my Masterpiece Chapter 6

2.9K 345 12
                                    

ရှောင်းကျန့်, ရိပေါ်ရဲ့နဖူးလေးနဲ့ထိလိုက်တဲ့နောက် မြင်ကွင်းတခုထဲရောက်သွားခဲ့ရတယ်...

Other Angel: ရိပေါ်..မင်းကို ပန်းချီနတ်ဘုရားရယ် ကံကြမ္မာနတ်ဘုရားမရယ် ခေါ်ခိုင်းလိုက်တယ်။

ရိပေါ်ရင်ထဲစိုးရိမ်သွားတယ်.. "သူတို့သိသွားကြတာလား?"

ရိပေါ် ခန်းမဆောင်တစ်ခုထဲရောက်တော့ စိတ်ဆိုးနေသောနတ်ဘုရားနှစ်ပါးကိုတွေ့တော့ သူတစ်ကယ်ပဲအရမ်းလန့်လာခဲ့သည်။ ဒူးထောက်ကာအရိုအသေပေးလိုက်စဉ်မှာပဲ..

ပန်းချီနတ်ဘုရား: ဝမ်ရိပေါ် မင်းအပြစ်မင်းသိလား?

ရိပေါ်: ကျွန်တော်..ကျွန်တော် ပန်းချီဆရာတစ်ယောက်ကို ပုံစံအမှန်ပြသခဲ့ပါတယ်၊ ပြီးတော့သူ့ကိုကူညီပြီး အကောင်းဆုံးရှုခင်းတွေ ပန်းချီဆွဲနိုင်အောင် လိုက်ပြခဲ့ပါတယ်၊ ပြီးတော့...ပြီးတော့ ကျွန်တော်တို့ ချစ်မိခဲ့ကြပါတယ်...

ပန်းချီနတ်ဘုရား: မင်း..စည်းကမ်းတွေကိုသိရဲ့သားနဲ့ဘာလို့ဖောက်ဖျက်ခဲ့တာလဲ Angel ရိပေါ်.. မင်းနတ်သားစဖြစ်လာတဲ့ဒီနှစ်200 အတွင်းမှာမင်းကစည်းကမ်းသေးသေးလေးတွေတောင် ဖောက်ဖျက်တာမျိုးမရှိပဲ ပန်းချီဆရာတွေကို အကောင်းဆုံး Masterpiece တွေဖြစ်မြောက်လာအောင် အကူညီပေးနိုင်ခဲ့ဆုံးနတ်သားပဲ..အဲ့လိုမင်းကအခုတော့..

ပန်းချီနတ်ဘုရားရဲ့စကားမဆုံးခင်မှာ ရိပေါ်က

"ကျွန်တော့်ရဲ့ဖြစ်တည်မှုအမှန်ကို အဲ့ဒီလူသားကသိသွားပေမယ့် သူကတခြားဘယ်သူ့ကိုမှမပြောပြခဲ့ပါဘူး..ဒီအတိုင်းလေး ကျွန်တော်တို့နှစ်ယောက်ချစ်နေကြရုံပါပဲ..ကျွန်တော့်ကိုအပြစ်ပေးတဲ့အနေနဲ့ နတ်သတ်ခြွေလို့ရပါတယ် လူဖြစ်ခွင့်ပေးပါ ကျွန်တော်သူနဲ့ လူသားအဖြစ်နဲ့ရှင်သန်ပါရစေ"

ရိပေါ်စကားဆုံးတော့ ပန်းချီနတ်ဘုရားက

"အဲ့လောက်အရာရာကိုလွယ်လွယ်လေးထင်နေတာလား Angel ရိပေါ်.. မင်းကိုငါစိတ်ပျက်မိတယ်၊ စည်းကမ်းတွေဆိုတာ အလကားချမှတ်ထားတယ်လို့များမင်းထင်နေသလား? တချို့အရာတွေရဲ့နောက်ဆက်တွဲအကျိုးဆက်တွေက ငါတို့နတ်ဘုရားတွေတောင်မပြင်ဆင်နိုင်လောက်အောင်ကြီးတယ်ကွ"

He is my MasterpieceWhere stories live. Discover now