He is my Masterpiece Chapter 4

3.1K 325 12
                                    

အိပ်မက်ထဲကမောပန်းမှုပျော်ရွှင်မှုနဲ့အတူ နိုးလာတဲ့ရှောင်းကျန့်တယောက် ပြုံးလိုက်မိရင်း ကုတင်ဒီဘက်တခြမ်းကိုလှည့်လိုက်တော့...

ရှောင်းကျန့်: ရိပေါ်!!!

ဒီတစ်ခါတော့ သူမျက်တောင်ခတ်လဲ ပျောက်မသွားတော့တဲ့ပုံရိပ်လေးကြောင့် အရမ်းပျော်ရွှင်သွားတယ်၊

ရှောင်းကျန့်: ရိပေါ်.. မင်းကတကယ်မဟုတ်လားဟင်? အိပ်မက်ထဲမှာရှိရုံပဲမဟုတ်ဖူးမှလား? မင်းငါ့အနားမှာရှိနေတယ်ဆိုတာ ငါခံစားနေမိတယ်၊ ဟင်? ဖြေပါဦး။

ရှောင်းကျန့်တစ်ယောက် ရိပေါ်မျက်နှာလေးဆီ လက်လှမ်းပြီးကိုင်လိုက်ပေမယ့် အထိအတွေ့က မြူခိုးတွေလို..သူဖမ်းဆုပ်လို့မရ၊ အံ့သြစွာ ရိပေါ်ကိုကြည့်မိတော့ ပျောက်ကွယ်ခါနီး မြူနှင်းလိုအရိပ်ကလေးရဲ့ မျက်ဝန်းညိုတွေက မျက်ရည်တွေရစ်ဝိုင်းနေခဲ့လေသလား?ရှောင်းကျန့် ထပ်ပြီးလက်လှမ်းကာဖမ်းဆုပ်လိုက်ပေမယ့် သူ့နတ်သားလေးရဲ့အရိပ်လေးကပျောက်ကွယ်သွားခဲ့ပြန်ပါပြီ။ ကုတင်ထက်က ပန်းချီဆရာလေးရှောင်းကျန့်ကတော့နားမလည်နိုင်မှုများစွာနဲ့..

အဆုံးသတ်ပြီးခါနီးနေတဲ့ ပန်းချီကားလေးကိုကြည့်ရင်းရှောင်းကျန့်တိုးတိုးပြောနေမိတယ်။

"မင်းနဲ့အိပ်မက်ထဲမှာတင် မဟုတ်ပဲ အပြင်မှာလည်းထိတွေ့ခွင့်ရချင်မိပြီ..ငါဘာလုပ်ရမှာလဲ"

Dream~~~start

မျက်စိရှေ့ကပန်းချီကားလိုလှပတဲ့ရှုခင်းကိုကြည့်နေရင်းနဲ့ Sean Xiao စုတ်တံကိုပြန်ချလိုက်တယ်။ ပြီးတော့ဘေးမှာထိုင်နေတဲ့ရိပေါ်ရဲ့ပေါင်ပေါ်တက်ထိုင်လိုက်ပြီးငြိမ်ငြိမ်လေးနေနေမိတယ်။

ရိပေါ်: ယုန်ပေါက်လေး ပန်းချီမဆွဲဘူးလား?

Sean Xiao: inn...မဆွဲချင်သေးဘူး။ ရိပေါ်..ကျွန်တော့်အနားမှာအမြဲရှိနေပေးလို့ရမလားဟင်?
ကျွန်တော့ဘဝမှာ ကျွန်တော်ချစ်တဲ့သူတွေက အမြဲကျွန်တော့်ကိုထားခဲ့ပြီးထွက်သွားကြတယ်။
မားကညီမလေးကိုမွေးပြီးမကြာဘူးဆုံးသွားတယ်၊ မားဆုံးပြီးနောက် ပါးကအရင်လိုမဟုတ်တော့ဘူး အရက်တွေအရမ်းသောက်လာတယ် နောက်တော့ မိန်းမတစ်ယောက်နဲ့သားတယောက်နဲ့ကို အိမ်ပေါ်ခေါ်တင်လာတော့တာပဲ။ ကျွန်တော့ မေမေလေးရယ် ညီအကိုတော်ရမယ့်သူရယ်တဲ့၊ သူစိမ်းတွေအိမ်ပေါ်ရောက်လာပြီး မကြာပါဘူး ပါးလဲအရက်ကြောင့်ထင်ပါတယ် ဆုံးသွားပြန်တယ်။

He is my MasterpieceWhere stories live. Discover now