He is my Masterpiece Chapter 7

3.4K 385 35
                                    

ရှောင်းကျန့်, ရိပေါ်နဲ့နဖူးခြင်းထိထားရာကနေခွာလိုက်ပြီး ရှိုက်ကြီးတစ်ငင်ပဲ ငိုနေမိတယ်။
ဘာလို့များသူတို့နှစ်ယောက်ဒီလိုအဖြစ်ဆိုးမျိုးကြုံတွေ့ခဲ့ရတာလဲ?
ရှောင်းကျန့် ငို​နေတာကိုထိန်းလိုက်ပြီး ရိပေါ်ရဲ့ ပုခုံးလေးကနေဖွဖွလေးကိုင်ပြီး ရင်ခွင်ထဲထည့်လိုက်တယ်။
ခန္ဓာကိုယ်တစ်ခုလိုမဟုတ်သေးပေမယ့်လည်းAngel အနွေးလုံးလေးကသူ့ရင်ခွင်ထဲမှာ ငိုကြွေးနေရင်း သူ့ကိုတောင်းပန်နေတုန်းပဲ။

ရှောင်းကျန့်: မငိုပါနဲ့တော့ ရိပေါ်၊ ဒီအကြောင်းပြချက်ကလုံလောက်တာထက်ပိုနေပါပြီ။အဲ့ဒီအချိန်ကကြောက်ရွံ့ မှု အားငယ်မှုတွေနဲ့ မင်းနာမည်ကိုပဲ ငါခေါ်နေမိခဲ့တာ၊ ငါ့ခေါ်သံတွေနောက်မှာ မင်းရင်တွေကွဲပြီး နာကျင်နေရမယ်မှန်းသိရင် ငါမခေါ်ခဲ့ပါဘူး။
ပြီးတော့ အခုငါမင်းရှေ့မှာရှိနေပြီပဲ အခုငါကောင်းမွန်တဲ့ဘဝကိုရထားတယ်လေ မငိုပါနဲ့တော့နော် ကိုယ့်ကိုကိုယ်လည်းအပြစ်မတင်ပါနဲ့တော့...
ငါ ပန်းချီထဲကမင်းမျက်ဝန်းတွေကို စတွေ့ထဲကမျက်ရည်တွေနဲ့ကြီးပဲ..အိပ်မက်ထဲကလို အရင်တုန်းကလို နွေးနွေးထွေးထွေးနဲ့ ငါ့ကိုခွန်အားပေးတဲ့ အပြုံးလေးနဲ့ Angelလေးပြန်ဖြစ်ပါတော့ကွာ..နော်။

ရှောင်းကျန့်ပြောရင်း သူ့Angelလေးရဲ့မျက်ရည်လေးတွေကိုသုတ်ပေးနေမိတယ်။မျက်ရည်လေးတွေက သူ့လက်နဲ့ထိတော့မြူခိုးအငွေ့လေးတွေလိုလွင့်ပြယ်သွားကြတယ်။

ရိပေါ်: နှစ်ပေါင်း200 နီးပါးကြာပြီးမှ ကိုယ်မင်းကိုပြန်တွေ့ခွင့်ရတာ အရမ်းပျော်တယ် ကိုယ့်ရဲ့ယုန်ပေါက်လေး..ဒါပေမယ့် ကိုယ်အရမ်းကြောက်နေမိတယ် ဒီဘဝမှာမင်းကိုထပ်တူညီတဲ့နာကျင်မှုမျိုး ကိုယ်မခံစားစေချင်တော့ဘူး။

ရိပေါ်ရဲ့အသံလေးကိုအိပ်မက်မဟုတ်ပဲပထမဆုံးအနေနဲ့အပြင်မှာကြားလိုက်ရလို့သူအရမ်းပဲပျော်သွားခဲ့တယ်၊

ရိပေါ်: ဒါပေမယ့် မင်းဒီပန်းချီကိုတစ်ခါဆွဲတိုင်း ကိုယ်မင်းနဲ့ပိုနီးစပ်လာတယ်၊ မင်းအနားပိုရောက်လာခွင့်ရတယ်၊ အခုဆိုပန်းချီကစုတ်တစ်ချက်ပဲလိုတော့တယ်နော် အဲ့ဒါပြီးရင်ဘာတွေဆက်ဖြစ်လာမလဲ ကိုယ်မသိဘူး၊ မင်းကိုထပ်ပြီးဒုက္ခမရောက်စေချင်တာပဲ သိတာမို့ ဆက်မဆွဲပါနဲ့တော့လား?

He is my MasterpieceWhere stories live. Discover now