He is my Masterpiece Chapter 5

2.9K 320 3
                                    

ရှောင်းကျန့်အိပ်မက်ကနေနိုးလာတော့ စိတ်ထဲမှာနေလို့မကောင်း၊ အခန်းထဲလှည့်ပတ်ကြည့်တော့ ရိပေါ်ကိုမတွေ့။ အဲဒါနဲ့ ရေမိုးချိုးမနက်စာ စားပြီး သူပန်းချီခန်းထဲဝင်သွားတော့ ပြတင်းတံခါးဘောင်မှာထိုင်ရင်း အပြင်ကိုငေးနေတဲ့ရိပေါ်။ သူဝင်လာတဲ့ခြေသံကြားတော့ သူ့ကိုလှည့်ကြည့်တယ်...

ရှောင်းကျန့်: ဘာလို့အမြဲ မင်းမျက်ဝန်းကမျက်ရည်တွေနဲ့ပဲလဲ? မင်းကိုအဲ့လိုမြင်ရတာ ငါ့ရင်တွေနာတယ်။ မငိုပါနဲ့လား Angel ရယ်... ငါဘာလုပ်ပေးရမလဲ မင်းမျက်ရည်တွေတိတ်စေချင်တယ်...

Angel ရိပေါ်လေးကနှုတ်ခမ်းလေးလှုပ်ရင်းပြောတယ် အသံတော့ရှောင်းကျန့်မကြားရ...နှုတ်ခမ်းလေးလှုပ်တဲ့အတိုင်းစကားသံလေးတွေကို လိုက်ဖက်လိုက်တော့...

"ကတိတွေမတည်နိုင်ခဲ့လို့ တောင်းပန်ပါတယ် မမုန်းလိုက်ပါနဲ့"

ပြီးတော့ Angelလေးကမြူခိုးတွေလိုပျောက်သွားခဲ့ပြန်တယ်။
ရှောင်းကျန့်ကတော့ပြီးဆုံးခါနီးပန်းချီကားလေးကိုကြည့်နေမိတယ်။
ဒီပန်းချီလေးကိုစတွေ့ထဲက အဆုံးသတ်ထိအကောင်းဆုံးဖြစ်အောင်ဆွဲချင်ခဲ့တာ သူ့ရဲ့ဆုတောင်းပဲ။
ခုတော့ ဒီပန်းချီက Sean Xiao ရဲ့ ဆွဲလက်စပန်းချီဆိုတာသိတော့ ပိုပြီးတောင် သူအကောင်းဖြစ်အောင်အဆုံးသတ်ရေးဆွဲပေးချင်မိတယ်။

Dream~~~start

Sean Xiao တယောက်အိပ်ပျော်သွားရာကနိုးလာတော့ မျက်လုံးတွေကဝေဝါးနေတယ်။ မျက်နှာသစ်လိုက်ရင် ကောင်းသွားမလားဆိုပြီး မျက်နှာသစ်ပေမယ့်လည်း မျက်လုံးတွေကပိုပိုပြီးတော့သာမှုန်ဝါးလာတော့ သူကြောက်လာခဲ့တယ်။

ရှောင်းကျန့်လဲပဲ အိပ်မက်ထဲမှာ Sean Xiaoလိုပဲ အမြင်တွေဝေဝါးနေတယ်။

Sean Xiao: Angel.. ရိပေါ်ရေ..ရိပေါ် ကျွန်တော်ခေါ်နေတာကြားလားဟင်?

အရင်ကဆို သူခေါ်လိုက်ပြီးမကြာတာနဲ့ရောက်လာတတ်တဲ့ Angelလေးက ခုတော့ သူအလိုအပ်ဆုံးအချိန်မှာဘယ်ရောက်နေပါလိမ့်။

အမြင်အာရုံကပိုပိုပြီးသာ အမှောင်ဖုံးလာတာမို့ ကြောက်စိတ်တွေက စိတ်ထဲမှာပိုကြီးစိုးလာခဲ့တယ်။ စိတ်ထဲမှာလည်းပုံမှန်မဟုတ်တဲ့တစ်ခုခုဆိုတာ မသိစိတ်ကအသိပေးသလိုဝင်လာသည်မို့...

He is my MasterpieceWhere stories live. Discover now