He is my Masterpiece Chapter 3

3.9K 367 6
                                    

အိပ်မက်ထဲမှာကောင်းကင်ပေါ်ပျံသန်းတက်လိုက်ချိန်မှာ ရင်ထဲလှိုက်ခနဲဖြစ်ပြီး အိပ်မက်ကနေလန့်နိုးလာခဲ့တယ်၊ ထုံးစံအတိုင်း တယောက်ယောက်သူနဲ့အတူအခန်းထဲရှိနေသလိုခံစားရတာကြောင့် အခန်းတံခါးဘက်ကိုကွယ်နေတဲ့ ဇာအဖြူလေးကိုဖယ်လိုက်ပေမယ့် ဘယ်သူမှရှိမနေ။

XZ: ဟူးးးးး ဘာတွေလဲကွာ။

စိတ်တွေထွေပြားနေတာကြောင့်တနေ့လုံးသူပန်းချီခန်းထဲမသွားခဲ့ပေမယ့်လည်း ညနေရောက်တော့မနေနိုင်ပြန်၊ မီးအိမ်လေးယူလာရင်း ပန်းချီကားလေးကိုထိုင်ကြည့်နေမိတယ်၊ အညိုရောင်မျက်ဝန်းလေးက သူ့ကိုပြန်ကြည့်နေသယောင်၊ တခုခုလွမ်းဆွတ်စွာပြောချင်နေသယောင်။

XZ: ဟားးးး... ငါရူးနေပြီပဲ။

ရှောင်းကျန့် ပါးစပ်မှရေရွတ်ရင်း နောက်လှည့်ထွက်လိုက်တော့ ကျောဘက်ကနေခံစားရသည့်နွေးထွေးမှု..သူ့အားတစ်စုံတစ်ယောက်ကနောက်မှထွေးပွေ့ထားသလိုခံစားမှု။ သူသိသည် ထိုနွေးထွေးမှုအားရင်းနှီးနေပါသည် အိပ်မက်ထဲက Angel..
ခဏငြိမ်သက်နေမိရင်း ခေါင်းရမ်းကာ (မဖြစ်နိုင်ဘူး ငါဘာတွေတွေးနေတာလဲ?) နောက်လှည့်ကြည့်တော့လဲ ဘယ်သူမှရှိမနေ။ ရှောင်းကျန့်..ပန်းချီကားလေးကိုလက်ညိုးနဲ့အသာတို့ထိရင်းပဲ...

XZ: အိပ်မက်ထဲမှာတွေ့ကြမယ်..ကောင်းသောညပါ Angel..

Dream~~~start

တကယ်ပဲ သူဒီအိပ်မက်ကို ဆက်မက်နေတာပဲ ဒါအရင်ကသူမက်နေကြအိပ်မက်လိုပဲ သူ့ကိုချီပြီးတစ်နေရာကိုပျံသန်းနေတဲ့ Angel ရိပေါ်ရဲ့ရင်ခွင်ထဲမှာ။
Angel ရိပေါ်ရဲ့အသက်ကိုသူမခန့်မှန်းတတ်ဖူး သူ့ထက်တော့အသက်ကြီးပုံပေါ်ပေမယ့် ဘယ်သူသိနိုင်မှာလဲ Angelတွေရဲ့အသက်ကို။
အိပ်မက်ထဲက Sean Xiao က ရိပေါ်ကိုခိုးပြီးမော့ငေးလိုက်တော့ ရှောင်းကျန့်ပျော်သွားတယ် သူအဲ့မျက်နှာလေး သေချာမြင်ဖူးချင်လှပြီ။

ရင်ခွင်ထဲကနေမော့ငေးတော့ လည်တိုင်ဖြူဖြူကျော့ကျော့လေးနဲ့ ယောကျာ်းပီသတဲ့လည်ဇလုပ်လေးကိုအရင်တွေ့ရတယ်။နောက်တော့ မေးစေ့ချွန်ချွန်လေး နောက် နှုတ်ခမ်းဖူးဖူးစိုစိုနီနီလေး နောက် နှာခေါင်းလုံးလုံးလေး မျက်လုံးညိုညိုလေး မျက်ခုံးထူထူလေး...အကုန်စုပေါင်းလိုက်တော့..Woww..Angel တိုင်းပဲချောသလား?
ဒီAngelလေးကပဲ တအားချောနေတာလား?
ရှောင်းကျန့်ဆုတောင်းပြည့်ပြီ သူမြင်ရပြီ ဒီမျက်နှာလေးကို...အားယိုးး..ချောရက်နိုင်လိုက်တာ။တိမ်တွေထဲပျံသန်းနေရင်း နောက်တော့ တစ်နေရာကို ဆင်းသက်သွားတယ်။

He is my MasterpieceTahanan ng mga kuwento. Tumuklas ngayon