9.1

34.9K 1.1K 39
                                    

<Unicode>

[အပိုထပ်ဆောင်း တာဝန်နှစ်ခု ပြီးမြောက်ပြီး - ဦးနှောက်ပြုပြင်ခြင်း ဆေးရည်ကို လေ့လာပြီး၊ ကတိပြုသူများ၏ သက်တမ်းကို ရှည်ကြာအောင် စွမ်းဆောင်နိုင်သည့်ဆေးကို လေ့လာပြီး]

ဂုဏ်ယူပါတယ် host! မစ်ရှင် သုံးခုစလုံး ကျေပွန်စွာ ထမ်းဆောင်နိုင်ခဲ့တဲ့ အတွက် ဆုလည်း သုံးဆ လက်ခံရရှိပါမယ်။

ကိုယ်စိတ်ကြံ့ခိုင်မှု +7 (+1 + 2), မှတ်ဥာဏ် +10 (+4 + 3), စိတ်ဓာတ်ခွန်အား + 10 (+5 + 5), ရုပ်ရည်သွင်ပြင် +15 (+3 +4), ဘဝသက်တမ်း +5 (+1 + 2), လက်သည်းကွင်းတွေထဲက ဆုတွေကတော့ ထပ်ဆောင်းတာဝန်က ရရှိတာတွေ ဖြစ်ပါတယ်။

【 နောက်ပြီး သင်ယူချင်တဲ့ ပညာရပ်နှစ်မျိုးကို ရွေးချယ်ပေးပါ 】

ရှန့်ခယ်တစ်ယောက် သူ့၏ "ရင်တွင်းဖြစ် ခံစားချက်" တွေကို system နဲ့ ပြောဖို့ ပင်ပန်းနေလွန်းရာ ချက်ချင်း သင်ချင်တာကိုသာ ကောက်ရွေးဖို့ လုပ်လိုက်တော့သည်။ ရွေးချယ်စရာတွေကို ကြည့်ရာ မှော်ပညာနှင့် ပန်းပဲပညာတို့ အရောင်လင်းနေတာကို တွေ့လိုက်ရသည်။

ရှန့်ခယ် တွေဝေမနေတော့ဘဲ ထို ပညာရပ်နှစ်မျိုးကို ရွေးပြီး space* ထဲသို့ ဝင်သွားတော့သည်။

ပညာသင်ယူနေချိန်တို့က လျင်မြန်စွာ ကုန်ဆုံးသွားကြသည်။ ထို့နောက် ရှန့်ခယ် ကမ္ဘာသစ်ဆီသို့ ခရီးစတင်လိုက်တော့သည်။

system ရဲ့ လှည့်ဖြားတတ်မှု မည်မျှ ကျွမ်းကျင်သည်ကို သိထားပေမယ့် သူ မအံ့သြဘဲ မနေနိုင်တော့။

ရှန့်ခယ် ကမ္ဘာထဲဝင်ရောက်ပြီးနောက် သူ့ကိုယ်သူ ကျောက်ရုပ်ထု ဖြစ်နေတာကို တွေ့လိုက်ရလေ၏။ ဟုတ်သည်။ ကျောက်ရုပ်ထု တစ်ခု အမှန်ပင်!

အရေးကြီးတာကို ပြောရလျှင် နတ်ဘုရားတစ်ပါး ရုပ်ထုဖြစ်ပြီး ဝမ်းနည်းပက်လက် ပြောရပါလျှင် နတ်ဘုရားဆိုးတစ်ပါး၏ ရုပ်ထုဟု ဆိုရမည်။

ဤ ကမ္ဘာမှ လူသားများက နတ်ဘုရားပေါင်းစုံကို အယုံအကြည်ရှိကြသည်။ နတ်ဘုရားများအတွက် ရုပ်ထုတည် ဘုရားကျောင်းများဆောက်ကာ နတ်ဘုရားများထံမှ ကောင်းချီးပေးမှုရရန် အလို့ငှာ တစ်နှစ်ပတ်လုံး ကိုင်းရှိုင်းစွာ ပူဇော်ပသမှုများ ပြုလုပ်ကြသည်။ နတ်ဘုရားတစ်ပါးကို လူတွေကသာ ဖန်တီးတာဖြစ်၏။ ကျောက်တွေမှတဆင့် ရုပ်ထုသို့ ပြောင်းထု ပြီးနောက် ဝိဉာဥ်တည်ဆောက်ခြင်း ရေကန်ထဲသို့ ပို့ဆောင်ကြသည်။ ရှစ်ဆယ့်တစ်ရက်ကြာ မရက်မနား တည်ဆောက်ပြီးနောက်တွင်တော့ ယခင် ရွှေဝါရောင် ရုပ်ထုဟာ ကိုးကွယ်ရာ နတ်ဘုရားတစ်ပါး ဖြစ်လာတော့သည်။

ချစ်သူ့ နတ်ဘုရား〖 Completed 〗Where stories live. Discover now