9.4

5.6K 882 28
                                    

<Unicode>

"ဒီကို လာပါဦး စကားလေးဘာလေး ပြောကြရအောင်" ဆံပင်အနီနှင့် လူက ရှန့်ခယ်ကို လက်ယပ်ခေါ်သည်။ သူ့၏ မျက်လုံးများက ပြုံးနေသည့်အလား တွန့်ကွေး၍နေသည်။

သုံးယောက်သား ရှိရာ အခန်းကား ဆံနီရောင် နတ်ဘုရား၏ စည်းအတွင်း လွှမ်းခြုံထား၏။ ထို့ကြောင့် ရှန့်ခယ် မည်မျှပင် ထွက်သွားချင်ကာမူ လက်ရှိသူ၏ စွမ်းအားအနေအထားနှင့် ဖောက်ထွင်းသွားလို့ မရနိုင်ပေ။ တဖက်လူနှစ်ယောက် ရှိရာနေရာဆီ လျှောက်သွားကာ ထိုင်ချရုံပဲ တတ်နိုင်တော့သည်။

"ခုနက ယီတာမိုရဲ့ လက်ကို ဆွဲပြီး ဘာတွေ ရှာနေတာတုန်း ဧကန္တ လက်ဖဝါးမှာ မှဲ့ရှိမရှိ ရှာနေတာတော့ မဟုတ်လောက်ဘူးမလား" ဆံနီနှင့်လူက နောက်တောက်တောက် ပြောသည်။

ရှန်ခယ်: (⊙口⊙) !

"အိုး ငါ မှန်းတာ မှန်သွားတာလား" ဆံနီနှင့်လူက ရယ်နေရင်းက လက်မြှောက်ပြသည် "ယီတာမိုမှာတော့ မရှိပေမယ့် ငါ့မှာတော့ ရှိတယ်"

ဆံနီနှင့် လူ၏ လက်ဖဝါးတွင် မှဲ့တစ်ခုတည်း ရှိသည် မဟုတ်။ လက်တစ်ဖက်စီတွင် မှဲ့တစ်လုံးစီပေါက်နေကာ ဘယ်ဖက်မှ မှဲ့သည် အပြာရောင် ရှိပြီး ညာဘက်တွင်တော့ အနီရောင်ဖြစ်သည်။

ရှန့်ခယ်: (ˊДˋ)

"ဟားဟားဟား" ထိုလူသည် ရှန့်ခယ်၏ မျက်နှာဖုံးကိုကြည့်ကာ လက်ညိုးထိုး၍ အူလှိုက်သည်းလှိုက် ရယ်ပြန်သည်။

အကြောင်းရင်းကား သူ၏ သိက္ခာလက်ကျန်လေးကို ဖျက်စီးပစ်လိုက်သော အကျင့်ပုပ် ထရစ်စတားခေါ် မျက်နှာအသွင်ပြောင်း ပက်ကေ့ချ်၏ လက်ချက်ဖြစ်မည်ကို ရှန့်ခယ် မှန်ထဲသွားကြည့်ပြီး အဖြေရှာစရာတောင် မလိုပေ။ အခြားလူတွေ၏ မျက်နှာဖုံးများသည် ဖုံးကွယ်ပေးဖို့ဖြစ်သော်ငြား သူ၏ မျက်နှာဖုံးကတော့ အကုန် ဖော်ပြပေးဖို့ဖြစ်နေ၏။ ဘယ်လိုလူက မလှောင်ရယ်ဘဲ နေနိုင်မည်တဲ့လဲ။

ဘေးတွင် ထိုင်နေသော ယီတာမိုက ချောင်းခပ်ဖွဖွ ဆိုးပြသည်။ "ဘယ်သူ့ နတ်ဘုရားဆိုတာတော့ ငါ သိသလိုတော့ ရှိတယ်"

ရှန့်ခယ်၏ မျက်နှာဖုံးသည် အမှန်တကယ်ပင် မျက်စိထဲ ထင်းခနဲ လင်းခနဲ ရှိလှသည်။ လျစ်လျူရှုဖို့ကြိုးစားတောင် အာရုံမစိုက်မိဖို့ မလွယ်ပေ။

ချစ်သူ့ နတ်ဘုရား〖 Completed 〗Opowieści tętniące życiem. Odkryj je teraz