9.5

5.6K 922 20
                                    

< Unicode >

ရက်အနည်းငယ် ကြာပြီးနောက် ရှုမျိူးစုသည် ယီအင်ပါယာ၏ မြို့တော် ကန်းစ်မြို့​တော်သို့ ရောက်ရှိလာခဲ့လေသည်။ မြို့တော်ကို တောင်အမြင့် တစ်ဝက်လောက်မှ စတည်ထားခြင်းဖြစ်ကာ မြင့်မားသော လမ်းကွေ့*များက အထပ်ထပ် ရံပတ်ထားသည်။ ထိုလမ်းများအား ကြီးမားသော ကျောက်တောင်များနှင့် ပြုလုပ်ထားခြင်းဖြစ်ပြီး လမ်းတစ်ဖက်တစ်ချက်စီတွင် ဆိုင်ငယ်များ၊ စျေးသည်များအား စျေးဆစ်နေသံများနှင့် ဆူညံ၍ နေသည်။ ကုန်ပစ္စည်းတွန်းလှည်းများကို အရွယ်အစား အမျိုးမျိုးတွေ့မြင်နိုင်ကာ အရာအားလုံးသည် မြို့၏ စီးပွားဖြစ်ထွန်းမှုကို မီးမောင်းထိုးပြနေဟန် ရှိသည်။

ရွေးချယ်ပွဲ၏ အဓိကအရေးပါသူတစ်ဦး အနေဖြင့် ယီတာမိုသည် ရှုအုပ်စုနှင့် မြို့ထဲဝင်ဝင်ချင်း လမ်းခွဲသွားသော်ငြား နေးလ်ကတော့ ကျန်ရစ်ခဲ့သည်။ လမ်းပြတစ်ယောက်အဖြစ် ကူညီပေးမည်ဟုဆိုကာ မျိုးစုအတွက် နေရာထိုင်ခင်းများ စီစဥ်ပေးခြင်း၊ ပတ်ဝန်းကျင်နှင့် ​နေသားကျသွားအောင် နေရာအနှံ့လိုက်ပြပေးခြင်းတို့ ပြုလုပ်ပေးခဲ့သည်။

ရှုမျိုးစုသည် နောက်ကျမှ ရောက်လာကြသူများဖြစ်ကြရာ ဟိုတယ်များ၊ တည်းခိုခန်းများမှာ အကုန်လူပြည့်နေပြီး ဖြစ်သည်။ နေးလ်သာ မကူညီပါက မြို့ပြင်တွင် ရွက်ဖျင်ထိုးနေဖို့သာ ရှိသည်။ မြို့တော်၏ ဖြစ်ထွန်းမှုသည် ချီးမွမ်းမဆုံးနိုင်သော ဤ လယ်သမားမျိုးစုကို အတော်ပင် အံ့အားသင့်သွားစေခဲ့သည်။ ကံကောင်းစွာပင် ၎င်းတို့ မျက်နှာမှ မျက်နှာဖုံးများသည် တောသားမြို့တက်သွင်ပြင်များကို ဖုံးအုပ်ပေးထားလျက် ရှိကာ အကြောင်းမသိသူများအတွက် အလန်းစား ပဟေဠိတစ်ခုသဖွယ် ဖြစ်နေခဲ့သည်။

တချွင်ချွင်နှင့် အလှပစ္စည်းလေးများ စိတ်ဝင်စားမိကာ ဝယ်ချင်ခဲ့ကြသော်လည်း စျေးနှုန်းမြင့်မားမှုအကြောင့် အနားတောင် မသီနိုင်ခဲ့ကြပေ။ ထို့နောက်တော့ ဘုရင့်မြို့တော်၏ အလှတရားသည် ၎င်းတို့ကို စိတ်မလှုပ်ရှားစေတော့ချေ။  ရှုမျိုးစုသည် ကုန်ကျစရိတ်ကို တွက်ချက်ကြည့်ကာ စစ်စစ်စီစီ ချွေတာ သုံးစွဲကြရသည်။ အသုံးမလိုသော ဇိမ်ခံပစ္စည်းများကို ငြင်းဆန်ကြရသည်။

ချစ်သူ့ နတ်ဘုရား〖 Completed 〗Onde histórias criam vida. Descubra agora