9.2

7K 864 30
                                    


<Unicode>

ထိုနေ့ညက ရှုမျိုးစုဝင်များ ကောင်းကောင်း အိပ်မပျော်ခဲ့ပေ။ သန်သန်မာမာရှိသောလူ တစ်ဒါဇင်လောက်က အလှည့်ကျ ကင်းစောင့်ကာ သားရဲများရန်ကို ကာကွယ်ခဲ့ကြရသည်။

ရှန့်ခယ်၏ ဝိဉာည်က တစ်ချိန်လုံး စခန်းတွင်းမှာပဲ ရှိနေခဲ့၏။ မျိုးစု ခေါင်းဆောင်သမီးဖြစ်သူ တီမာ၏ ရွက်ဖျင်တဲဆီသို့သွားရာ ဆယ့်နှစ်နှစ်၊ ဆယ့်သုံးနှစ်အရွယ် ကောင်မလေးမှာ သူမ လူမျိုးတွေကို အကာအကွယ်ပေးရန် နတ်ဘုရားထံ ဆုတောင်း၍ နေလေသည်။

သူမ၏ ဆုတောင်းသံများနှင့်အတူ ရှန့်ခယ်လည်း အရေအတွက်အရနည်းသော်ငြား ပျားရည်အလား သန့်စင်သည့် စွမ်းအင်နှင့်ပြည့်ဝလာသလို ခံစားရသည်။

ထို့အချိန်တွင် စခန်းချရာ အစွန်ဘက်နားမှ လေချွန်သံများ ထွက်လာပြီး အိပ်မပျော်သောသူများကို အိပ်မက်မှ လှုပ်နှိုးလိုက်လေသည်။ သန်သန်မာမာ ယောက်ျားများက လက်နတ်များကိုင်ဆောင်၍ လူစုနေကြချိန်တွင် လူအိုများ၊ မိန်းမများနှင့် ကလေးတို့က ရွက်ဖျင်တဲများတွင်း စိုးရိမ်စွာ စောင့်ကျန်ရစ်ကာ အန္တရာယ်များ ကင်းဖို့သာ မျှော်လင့်နေကြရ၏။

သူတို့ကိုယ်တိုင် ဝင်ရောက်တိုက်ခိုက်ခြင်း မပြုနိုင်ကြရာ ထွက်တိုက်ကြသော လူများအတွက်သာ ရင်ထဲမှာ ဆုတောင်းခြင်းပြုနိုင်ကြလေသည်။ ဆုတောင်းသူ များပြားလာလေလေ ရှန့်ခယ်၏ နတ်စွမ်းအင်များ တိုး​ပေးလေလေဖြစ်ကာ နောက်ဆုံးတွင် ခမ်းခြောက်နေသော စွမ်းအားမှာ ပြန်၍ အမောက်ထောင်လာနိုင်တော့သည်။

"အာဝူး......." သားရဲကောင်များ၏ ဆွဲငင်စွာ အူလိုက်သံက ည၏ တိတ်ဆိတ်မှုကို ဖြိုခွင်းကာ ၎င်းတို့ ရောက်ရှိလာမှုကို ကြေငြာလိုက်သည့် အလားပင်။

ရှုမျိုးစုဝင်တွေက ဖြတ်ဖြတ်လတ်လတ်ပင် လက်နက်များ ကောက်ကိုင်လိုက်ကြသည်။ သို့သော် ချုံပုတ်ကြားမှ သွေးဝံပုလွေအုပ်စုလိုက် ရန်လိုဟန်ဖြင့် ထွက်ပေါ်လာသောအခါ အကုန်လုံး မျက်နှာများမှာ သွေးဆုတ်သွားသည့်အလား ဖြူဖတ်ဖြူရော် ဖြစ်ကုန်ကြ၏။

ချစ်သူ့ နတ်ဘုရား〖 Completed 〗Where stories live. Discover now