9.10

6K 994 14
                                    

< Unicode >

အရှင်ဆာရာတစ်ယောက် အခုရက်ပိုင်း တမူထူးခြားနေသည်ကို ရှန့်ခယ် သတိပြုမိသည်။ သူ အလုပ်ရှုပ်ရှုပ်မရှုပ်ရှုပ် ရှန့်ခယ်ဆီသို့ နေစဉ်လာမြဲဖြစ်သည်။ ရောက်လာပါက စကားလည်း များများမပြော၊ သိပ်လည်း လှုပ်လှုပ်ရှားရှားမရှိဘဲ ဝတ်ရုံလက်ကိုသာ ခါထွက်သွားလေ့ရှိသည်။ ဤကမ္ဘာအတွင်း သူ၏ တည်ရှိမှုသည် ဤသို့ အင်အားကြီးမားလေသည်။

စစ်နတ်ဘုရားသည် ခံစားမှုဆန္ဒတို့ကင်းမဲ့သော နတ်ဘုရားတစ်ပါးဟုသာ ရှန့်ခယ်မသိထားပါက အရှင်ဆာရာသည် သူ၏ စစ်သည်တော် ဟန်ပန်နှင့် မာန်ကိုသုံး၍ သူ့နောက်လိုက်နေသည်ဟု ရှန့်ခယ်ထင်မိမှာ ဖြစ်သည်။

ရှန့်ခယ်လည်း အရင်က ဆာရာ့ကို ဆွဲဆောင်ကြည့်သေးသည်။ ဆာရာ့ရှေ့ သွား၍ ကိုယ်ထင်ပြကာ သူ၏ ဂုဏ်ယူဖွယ် ကိုယ်ဟန်ပန်၊ ပွင့်လင်းသော စိတ်သဘောထား၊ အရိုင်းဆန်ဆန် ဆွဲဆောင်မှုရှိသော တိရိစ္ဆာန် သားရေပတ်စသည်တို့နှင့် မြူစွယ်ကြည့်ခဲ့ဖူးသည်။ သို့သော်ငြား စစ်နတ်ဘုရားကား တစ်စက်လေးမှ လှုပ်လို့မရခဲ့ပါချေ။ သူ ယခုကမ္ဘာတွင် ဗလတောင့်တောင့် ယောက်ျားတစ်ယောက်ဖြစ်နေတာမို့ မကြိုက်တာဖြစ်မည်ဟုသာ ရှန့်ခယ်တွေးထားခဲ့သည်။ ပြောရမည်ဆိုလျှင်လည်း အရင်ကမ္ဘာတိုင်းတွင် ရှန့်ခယ်သည် လှပ၍ သိမ်မွေ့ညင်သာသော ယောက်ျားလေးတစ်ယောက်ကဲ့သို့သာ နေခဲ့တာဖြစ်သည်။ ရုတ်တရက် စတိုင်လ်ပြောင်းလဲမှုကို ကျင့်သာမရသေးတာဖြစ်မည်ဟု သတ်မှတ်ထားလိုက်တော့သည်။

ဤသို့ဖြင့် ရှန့်ခယ် လက်လျှော့ထားလိုက်တော့သည်။ သူ့အတွက်တော့ ဖြေးဖြေးနှင့် အေးအေးနေထိုင်နိုင်သော သက်ကြီးစုံတွဲဘဝက ပိုစိတ်ချမ်းသာစေ ​နိုင်သည်။ ရှန့်ခယ်အနေနှင့် အချစ်ကို လိုချင်သော်ငြား ရှေ့တစ်လှမ်းတိုးဖို့လုပ်တိုင်း နာကျင်စွာ ဆုံးရှုံးမှုနှင့် ကြုံနေရတာမျိုးတော့ မလိုချင်ပေ။ ပြင်းထန်စွာ လောင်ကျွမ်းသော ဤခံစားချက်များသည် သူ့အား ဘာမျှမကျန်သည်အထိ လောင်ကျွမ်းသွားစေနိုင်၏။

ဒါကြောင့် အခုလိုလေးပဲ အဆင်ပြေပါတယ် - ဒီအတိုင်း ဖြစ်လာတဲ့အတိုင်း လက်ခံပေးလိုက်တာပေါ့

ချစ်သူ့ နတ်ဘုရား〖 Completed 〗Where stories live. Discover now