9.14

6.2K 959 21
                                    

<Unicode>

သေခြင်းနတ်ဘုရား၏ အဆင့်နှင့် အတွေ့အကြုံမ​ျားကို သာမာန်နတ်ဘုရားများနှင့် သွားယှဥ်လို့မရပေ။ ထို့ပြင် သူသည် လူသားမျိုးနွယ်စုတို့၏ ကိုးကွယ်မှုကိုမလိုဘဲ နတ်စွမ်းအင်ရနိုင်သော ရှားပါးနတ်ဘုရားတစ်ပါး ဖြစ်သေးသည်။ သူ၏ စွမ်းအင်သည် သက်ရှိသတ္တဝါတို့၏ သေဆုံးခြင်းမှ လာသည်။ အားကြီးသော စစ်နတ်ဘုရားသည်တောင် သေခြင်းနတ်ဘုရားကို ချုပ်ကိုင်လို့ မရပေ။

ရှန့်ခယ်ကတော့ ဤကဲ့သို့ နတ်ဘုရားကြီးတစ်ပါး၏ အကူအညီကို မလို။ မူလ မကောင်းမှုနတ်ဘုရားကို အလင်းဘက်မှ စစ်ချီနှိမ်နင်းခဲ့စဥ်က သေခြင်းနတ်ဘုရားက တစက်မှ ကူညီပေးဖို့ ပေါ်မလာခဲ့ချေ။ သို့သော် အခု မကောင်းမှုနတ်ဘုရားနှင့် အလင်းဘက်မှ နတ်ဘုရားတို့ ချစ်သွားကြပြီးဆိုမှ အလင်းဘက်ကို လေးစားသမှုပြုကာ ရောက်ချလာခဲ့သည်။

သေခြင်းနတ်ဘုရား ရောက်ရှိလာမှုသတင်းသည် အခြားနတ်ဘုရားများကိုပါ အံ့အားသင့်သွားစေခဲ့သည်။ ရှန့်ခယ်အား အမှောင်ဘက်ခြမ်းအတွင်း ခိုလှုံမှုမရှိသွားစေရန်  ဆာရာက မြို့တော်အတွင်း စည်းချထားခဲ့သည်။ သို့သော် ထိုစည်းကား အမှောင်နတ်ဘုရားများသာ တားပေးနိုင်တာဖြစ်ပြီး အလင်းဘက်ခြမ်း မပါခဲ့ပေ။ မီး၊ ရေ၊ မြေ စသော နတ်ဘုရားများသည် မကောင်းမှုနတ်ဘုရား ရန်သူတော်များပီပီ မကောင်းမှုနတ်ဘုရားကို အလင်းနယ်မြေမှ နှင်ထုတ်ပေးရန် စစ်နတ်ဘုရားကို တတွင်တွင် တောင်းဆိုနေခဲ့ကြသည်။

အခြားနတ်ဘုရားများက ဤအခြေအနေကို မြင်ကြသောအခါ နဝေတိမ်တောင် ဖြစ်ကုန်ကြ၏။ ဤသူသည် အမှောင်ဘက်ခြမ်းမှ နာမည်မရှိသော နတ်ဘုရားအသေးစားလေးသာ ဖြစ်သည်။ နတ်ဘုရားမျိုးစုံကို မည်သို့ ဆွဲထုတ်လာနိုင်လိုက်သနည်း? အလင်းနှင့် အမှောင်က အမြဲ ပဋိပက္ခများ ရှိခဲ့ကြသော်ငြား ခွင့်ပြုချက်ရှိပါက စည်းမဖောက်သရွေ့ နှစ်ဖက်အတူ အလုပ်တွဲလုပ်နိုင်ကြသည်။

ရှန့်ခယ်က အမှောင်စွမ်းအင်ရှိနတ်ဘုရားတစ်ပါး ဖြစ်သော်လည်း အမြဲတမ်း စည်းကမ်းလိုက်နာ၍ လူသားများကို ကောင်းမွန်စွာ ဆက်ဆံပေးကာ အခြား အလင်းနတ်ဘုရားများထက် ပိုတောင် အပြစ်ကင်းစင်၍ ကြင်နာတတ်သူတစ်ယောက် ဖြစ်သည်။ သို့သော် ဤသို့ အဆိပ်မရှိသည့် နတ်ဘုရားငယ်လေးသည် စစ်နတ်ဘုရား၏ ကျောထောက်နောက်ခံရထားရုံသာမက သေခြင်းနတ်ဘုရားထံမှ အဖက်လုပ်ခံရသည့်အပြင် အခြားနှစ်ထောင်ချီ နတ်ဘုရားကြီးများနှင့်လည်း ရန်သူဖြစ်နေသေးသည်။

ချစ်သူ့ နတ်ဘုရား〖 Completed 〗Unde poveștirile trăiesc. Descoperă acum