9.15

6K 988 32
                                    

<Unicode>

ရှန့်ခယ်၏ မကောင်းမှု နတ်ဘုရားသရုပ်မှန်ပေါ်သွားပြီဖြစ်ရာ မြို့တွင်း ဆိုင်များဖွင့်လှစ်ရောင်းချခဲ့သော ရှုမျိုးစုမှာလည်း ရွေ့ပြောင်းခဲ့ကြသည်။ တော်ဝင်ယီမျိုးစုက နှင်မထုတ်သေးသော်လည်း အနာဂတ်တွင် အတည်တကျနေထိုင်ဖို့ နေရာတစ်ခုရှာတွေ့တော့မှာ မဟုတ်​ေတာ့လောက်ပေ။ ထို့ကြောင့် မျိုးစုခေါင်းဆောင်က မျိုးနွယ်ဝင်များကို ဆင့်ခေါ်ကာ ဘယ်လို ရှေ့ဆက်မလဲ ဆွေးနွေးကြသည်။

ဘယ်သူမှတော့ လက်ရှိသာယာသော ဘဝကို လက်မလွှတ်ချင်ကြ။ ဤနေရာမှ ထွက်သွားတာနှင့် ဦးတည်ရာမရှိ လျှောက်သွားနေရသည့် ဘဝမျိုး ထပ်ရောက်တော့မှာ ဖြစ်သည်။

"မကောင်းမှုနတ်ဘုရားကသာ မလှည့်စားခဲ့ရင် ငါတို့ဒီလို အခြေအနေဆိုးသွားမှာ မဟုတ်ဘူး" လူငယ်တစ်ဦးက စိတ်ဆိုးစွာ ပြောသည်။

"အေးလေ သူသာ မကောင်းမှုနတ်ဘုရားမှန်းသိရင် သူ့ကို ကိုးကွယ်ပါ့မလား" နောက်တစ်ယောက်ကပါ ထောက်ခံသည်။

"ဒီလောက် စည်းစိမ်တွေ စုဆောင်းရဖို့ မလွယ်တာကိုမကောင်းမှုနတ်ဘုရားကြောင့် အခုတော့ အကုန် ပျက်ဆီးကုန်ပြီ"

လူအုပ်လိုက် ဒေါသပုန်ထကုန်ကြကာ တစ်ယောက်ပြီးတစ်ယောက် မကျေနပ်ချက်များကို ဖွင့်ဟကြသည်။

ရုတ်တရက် လက်ဖက်ရည်ခွက်တစ်ခွက်က ကြမ်းပြင်ပေါ်ပြုတ်ကျကာ ကွဲကြေသွားသံက ထိန်းမနိုင်ဖြစ်နေသော အခြေအနေကို တိတ်ဆိတ်သွားစေသည်။

တီမာက ထိုလူစုအား အေးစက်စွာ ကြည့်ရင်း မတ်တပ်ထရပ်သည် "ငါတို့ ရှုမျိုးစု အခုလို ကောင်းကောင်းမွန်မွန် နေထိုင်နိုင်ခဲ့တာရော ဘယ်သူ့ကျေးဇူးကြောင့်လဲ"

"ငါအပါအဝင် ကလေးတွေက စနောက်ပြီး အရှင်အူနိုကို သစ်သီးတွေ ဆက်ကပ်လိုက်တာကြောင့်၊ ဒီ ဘာမဟုတ်တဲ့ အသီးတွေကြောင့် အရှင်အူနိုက ငါတို့အတွက် သားရဲကောင်တွေကို မောင်းထုတ်ပေးခဲ့တယ် ငါတို့ကို လုံလုံခြုံခြုံထားပေးခဲ့တယ်"

"သူက မကောင်းမှုနတ်ဘုရား မှန်တယ် ဒါပေမဲ့ ငါတို့ကိုးကွယ်မှုက သူ့ကို အင်အားမတိုးပေးနိုင်ဘူးဆိုတာရော တွေးကြည့်ဖူးလား ဒါတောင် သူ့အစွမ်းတွေ သုံးပြီး ငါတို့ကို ပန်းပဲအတတ်၊ အချက်အပြုတ်၊ ဆေးပညာ၊ ယဥ်ကေျးမှု၊ ဂီတ ဒီလို ပညာရပ်တွေ သင်ပေးခဲ့တယ် ဒီကမ္ဘာပေါ်က ဘယ်လိုနတ်ဘုရားမျိုးက သူ့ကိုးကွယ်သူတွေကို စိတ်ရောကိုယ်ရော မြုပ်နှံပြီး အဲ့လို ကူညီပေးသလဲ"

ချစ်သူ့ နတ်ဘုရား〖 Completed 〗Where stories live. Discover now