9.9

6K 981 47
                                    

< Unicode >

"မင်း အဆင်ပြေရဲ့လား" နေးလ်က မေးသည်။

ရှန့်ခယ် (〒﹏〒):"ပြေပါတယ်"

"တကယ် ပြေရဲ့လား" နေးလ်က မသေချာသည့်ဟန်ဖြင့် နောက်တစ်ကြိမ်ထပ်မေးသည်။

ရှန့်ခယ် (〒﹏〒):"တကယ် ပြေပါတယ်"

ဆာရာနှင့် နေးလ် နှစ်ဦးစလုံးက တိတ်ဆိတ်စွာ ကောက်ချက်ချသည်။ မင်း မျက်နှာရဲ့ ဘယ်နားက အဆင်ပြေနေတဲ့ ရုပ်ပေါက်နေလို့လဲ?

ရှန့်ခယ်က သူတို့၏ မယုံနိုင်သည့် မျက်နှာများကို ကြည့်ကာ သူ့မျက်နှာဖုံးက အထူးအဆန်းတွေ လုပ်ပြနေပြီဆိုတာ သိလိုက်သည်။ ထို့နောက် သူ့မျက်နှာဖုံးသူ လက်ညိုးထိုးပြကာ တည်ကြည်စွာ ပြောသည်။ "ငါ့မျက်နှာဖုံးမှာ ဘာရုပ်ပဲ ပေါ်နေနေ အဲ့တာ အကုန် အတုတွေ"

ကုသမှုနတ်ဘုရားက သူ့ထံ ရောဂါများလွှဲလိုက်ချိန်တွင် နာကျင်ရတာ အမှန်ဖြစ်သည်။ ချော်ရည်ကန်ထဲ ပြုတ်ကျကာ တစ်ကိုယ်လုံး အစိတ်အမွှာမွှာ ကွဲထွက်ကုန်တော့မည့်အလား ခံစားခဲ့ရသည်။ ထို ခံစားချက်ပြီးနောက်တွင် ဖော်ပြမရနိုင်သော သက်တောင့်သက်သာရှိမှုတစ်ခုကိုလည်း ခံစားရသည်။ တဖက်တွင် ဝိဉာည်တစ်ခုလုံး တုန်လှုပ်ရလောက်အောင် နာကျင်ရသော်လည်း ကျန်တဖက်မှာတော့ ကောင်းကင်ဘုံပေါ်ရောက်နေသည့်အလား ခံစားလို့ ကောင်းလှသည်။

အရင် တစ်ခေတ်တစ်ခါတုန်းက ကျွန်းစုအတွင်း မကောင်းမှုနတ်ဘုရား သောင်းကျန်းခဲ့စဥ်ကာလများတွင် သူသည် အဆင့်မြင့် နတ်ဘုရားတစ်ပါးဖြစ်ခဲ့ရုံသာမက စွမ်းရည်များမှာလည်း ကြောက်မက်ဖွယ်ကောင်းခဲ့သည်။ မူလ မကောင်းမှုနတ်ဘုရားသည် သတ်ဖြတ်ခြင်းများနှင့် သွေးထွက်သံယိုဖြစ်မှုများကို သဘောကျသူဖြစ်ကာ သူ၏ အကြီးမားဆုံး စွမ်းအားမှာ ကျိန်စာတိုက်ခြင်းဖြစ်သည်။

၎င်းကား လက်ခံရရှိသမျှ အမှောင်စွမ်းအင်များ၊ မကောင်းသော ခံစားချက်များကို ကျိန်စာအဖြစ်သို့ ပြောင်းလဲနိုင်စွမ်းရှိသည်။ အမုန်းတရား၊ မျော်လင့်ချက်ကင်းမဲ့မှု၊ မနာလိုမှု၊ ရောဂါ၊ ဒေဝါလီခံရမှု၊ အိပ်မက်ဆိုးများ၊ စုန်းပညာ၊ ကယောင်ကတမ်းဖြစ်မှုစသော ကျိန်စာများ တတ်ထားသရွေ့ လက်တစ်ချောင်းတောင်မလှုပ်လိုက်ရဘဲ ရန်သူကို သူ့ဘာသာ ပျက်စီးခြင်းသို့ သက်ဆင်းစေနိုင်စွမ်းရှိသည်။ သို့သော် ဤသို့မလုပ်နိုင်မှီ ထိုကျိန်စာကို သူကိုယ်တိုင် ခံစားဖူးပြီးသား ဖြစ်မှရလေသည်။

ချစ်သူ့ နတ်ဘုရား〖 Completed 〗Where stories live. Discover now