part 2

11.4K 947 39
                                    

အိစက်စက် အထိအတွေ့ကြောင့် ရိပေါ် မွေ့ယာပေါ်ရောက်နေတယ်ဆိုတာ သိလိုက်သည်။

ဟင်း... ဘာလိုလိုနဲ့ မနက်တောင် မိုးလင်းသွားပြန်ပလား....။ မနေ့ညက အိပ်မက်တောင် အဆုံးထိမမက်လိုက်ရဘူး။
ကောင်းပါတယ်...အဲ့တာမှဘဲ တော်ကြာ ကုန်းကုန်း လုပ်နေရမှ ကြားမကောင်းရှိနေဦးမယ်....

ရိပေါ် ပြုံးလိုက်ပြီး အကြောဆန့်ကာ မျက်လုံးဖွင့်လိုက်သည်။

Shitt....ငါခုထိမနိုးသေးတာလား

မနေ့ညက ကြည့်ခဲ့တဲ့ ခေါင်မိုးကြီး....
စောက်ကျိုးနည်း သစ်သားခေါင်မိုးကြီး....
အား...တကယ်ပါဘဲ ဒီအိပ်မက် တကယ်ရှည်တာဘဲ.... ကျစ်....

ရိပေါ် စိတ်ရှုပ်စွာ...ထိုင်လိုက်သည်။

ဟွန့်...ညကအိပ်တော့ မွေ့ယာမရှိပါဘူး....
ချီး....အိပ်မက်ထဲမှာကို ငါက အတိတကျ တွေမှတ်မိနေရတာလဲ....စိတ်ပျက်စရာကောင်း လိုက်တာ....

*ဟော...သခင်လေး..နိုးပြီလား....*

*အင်း.....*

ထိုအချိန်တွင်ပင် ဟိုကောင်လေး ဝင်လာကာ
သူ့အား နှုတ်ဆက်သည်။သူလည်း စိတ်ညစ်နေသည်မို့ ဝတ်ကျေတမ်းကျေသာ ပြန်ဖြေလိုက်သည်။

*အော...ကျနော်...သခင်လေး ပြီးရင် ရေချိုးဖို့ ရေနွေးအအေးခံပေး......အား....*

"ဒုတ်....ဗွမ်း...."

*အား...ပူတယ်...ပူတယ်!*

ထိုကောင်လေး သည်...မနိုင်မနင်း ရေနွေးခွက်ကြီး သယ်လာပြီးတဲ့နောက် အနောက်ခန်းကို ဝင်ဖို့ သွားရာတွင် ရှေ့တွင်ချထားသော ခွေးချေခုံ လေးအား ဝင်တိုက်ရင်း ချော်လဲကာ...
ရေနွေးများ ရိပေါ်...ခြေထောက်ပေါ်....ပြုတ်ကျကုန်လေသည်။

*အား...သေပြီ....ချီး...အိပ်မက်က တကယ်နာရလား... အားယား...*

*ဟမ်....ဘာကို အိပ်မက်လဲ....*

*ဟမ်....ဟုတ်တယ်လေ...ငါအခု အိပ်မက်မက်နေတာ...မင်းတို့ကလည်း အိပ်မက်ထဲက ဇာတ်ကောင်တွေ...ဟုတ်တယ်...အိပ်မက်...*

*သခင်လေး...ဒါအိပ်မက်မဟုတ်ပါဘူး.... သခင်လေး တကယ်ခေါင်းထိထားတာလား...*

*ကျစ်....မင်းကိုပြောလည်းနားလည်မှာ မဟုတ်ဘူး..လောလောဆယ်... ကယ်ဦး...ငါ့အရေပြားတွေ စုတ်ကုန်ပြီလား မသိဘူး....*

⏳My Time With You⏳(Completed)Where stories live. Discover now