part 12

6.2K 676 103
                                    

*ဘာဖြစ်သွားသေးလဲ *

*အရမ်းတော့ မစိုးရိမ်ရတော့ပါဘူး
အသားကြေရုံလောက်ဖြစ်သွားတာပါ
အနာတွေအတွက်ကတော့ လိမ်းဆေးနဲ့ရပေမယ့်
အသားကြေတာအတွက် အာဟာရရှိအောင် နေဖို့နဲ့ ဆေးတွေသောက်သုံးဖို့လိုပါလိမ့်မယ်*

*အင်း...*

ရှောင်းကျန့် သမားတော်ကို ခေါင်းသာ ညိမ့်ပြလိုက်ပြီး မေ့မြောနေသော ကောင်လေးအား
သနားစွာ ကြည့်နေမိသည်။...

ထို့နောက် ရိပေါ်အား သေချာဂရုစိုက်ရန် မှာကြားပြီး မပြီးပြတ်သေးသော ကိစ္စ များအားရှင်းရန် ခမည်းတော်ဆီသို့ ထွက်လာခဲ့လေတော့သည်။

^^^^^^^^^^^^^^^^^^^^^^^^^

ယခုမင်းကြီး အတော်ခေါင်းကိုက်နေသည်။
အားရှင်းကလည်း ငိုယိုကာ ဟိုကောင်လေးမှာ
အပြစ်မရှိကြောင်းသာ လှိမ့်အော်နေသည်။
သားဖြစ်သူကလည်း ဖခင်ကြီးကိုတောင် အရေးမလုပ် သတိလစ်သွားတဲ့ ကောင်လေးအား
ချီပြေးတာတန်းနေတာဘဲ....

သူ့သားကိုသွေးအေး ငြိမ်စိမ်လှပြီထင်တာ
မဟုတ်ဘူးဘဲ....
ဘာဘဲဖြစ်ဖြစ် သူကတော့ ဒီကိစ္စ ကိုရအောင်
ဖြေရှင်းမည်။ သူ့သမီးတော်ကို သိုးမွှေးညှပ်တဲ့ ကပ်ကြေးနဲ့ရွယ်ခဲ့သေးတာ ပိုက်ဆံတွေလည်း အများကြီး ကလေးဆီက ယူသွားသေး။
သူ့သားနဲ့ သမီးကခင်နေလို့ တားနေကြတာ ဖြစ်ရင်ဖြစ်မှာ... သူကဘုရင် သူ့မျိုးဆက်တွေအတွက် သူလုံခြုံမှုကို ပေးနိုင်ရမယ်လေ....

*ခမည်းတော်.... သားကို ဝင်ခွင့်ပြုပါ...*

တည်ငြိမ်စွာ တံခါးဝမှာရပ်နေတဲ့ သားကြီး အား
ခေါင်းသာ ညိမ့်ပြလိုက်တော့ အရိုအသေပြုနေရာ မှခပ်အေးအေးသာ ဝင်လာသည်။.
သူသားကြီးကို အဲ့တာတွေသဘောကျတာ
စည်းကမ်းအရမ်းရှိပြီး အမိန့်တွေနာခံတတ်တာ။
ဆုံးဖြတ်ချက်ကလည်းပြတ်သားပြီး စိတ်ဓာတ်မာကြောလှ၍ နှလုံးသား နူးညံ့လှတဲ့
သားတော်ပါလေ။ သားတော်တွေထဲမှာ သူအယုံကြည်ရဆုံး အားအကိုးရဆုံး....

တစ်ခြားသားတော်တွေကို အားမကိုးရဘူးလို့
သူမဆိုလိုဘူးနော်...သားတော်ကြီးကသာ အားအကိုးရဆုံးလို့ပြောတာ

⏳My Time With You⏳(Completed)Where stories live. Discover now