part 23

4.2K 440 24
                                    

*အိမ်ရှေ့စံ...မင်းကြီးက ဒီနေ့ညီလာခံကို တတ်ရောက်ရန်အမှာတော်ပါးလိုက်ပါတယ်...*

ရှောင်းကျန့် ရိပေါ်ကိုစနေရင်းနဲ့ ခေါင်းထောင်လိုက်ပြီး...တံခါးဝကိုလှမ်းကြည့်လိုက်သည်။

*အင်း...လာခဲ့မယ်....*

*ဟုတ်ကဲ့ပါ...အိမ်ရှေ့စံ...*

ထို့နောက် ရိပေါ်ကိုတစ်ဖန်ကြည့်တော့..
အောင်နိုင်သူအပြုံးကြီးနဲ့....

*အဟဲ...သွားတော့လေ ယုန်ခွေး....အဲ့လေ ကျန့်ကော*

*အေးပါ..အေးပါ....ပြောထားဦးပေါ့...
အဟင်း....ညကြမှပြန်လာလို့ရှိရင် အမယ်လေး
ကြောက်ပါပြီ..ကောရဲ့လို့အော်ရဲအော်ကြည့် တစ်ကိုယ်လုံး လိုက်ကိုက်ပစ်မယ်*

*ဟဟဘဲရမယ်....အဟီး...သွားသွား....*

*နှင်ထုတ်တယ်ပေါ့...နှင်ထုတ်တယ်ပေါ့....
ငါလာပြီ....*

*အား...လာကြပါဦး...ယုန်ခွေးကြီးလိုက်ဖမ်းနေပါတယ်ဗျို့....*

^^^^^^^^^^^^^^^^^^^^^^^^^^

အိမ်ရှေ့စံတစ်ယောက်အနေနဲ့ လမ်းသွားတာ
စပ်ဖြီးဖြီးနဲ့ဆို မသင့်တော်မှန်းသိပေမယ့် သူမတတ်နိုင်..
ရိပေါ်အကြောင်းတွေးမိတာနဲ့...သူ့နှုတ်ခမ်းက အလိုလိုပြုံးနေပြီးသား...
အရှင်းဆုံးပြောရရင် ဝမ်ရိပေါ်ဆိုတဲ့နာမည် တွေးမိကြားမိတာနဲ့ ရင်တွေကခုန်ပြီး အလိုလို
ပြုံးမိပြီးသား...

အဲ့တော့ လမ်းသွားရင် စပ်ဖြဲဖြဲဖြစ်နေတာ တားလို့ရမှာမဟုတ်ဘူး...သူကအမြဲ တွေးမိနေတာကိုး...

အဲ့တော့ မြင်ချင်တဲ့သူသာမြင် သူလည်း ဖြီးချင်သလိုဖြီးမယ်...

ဒါပေမယ့်လည်း ညီလာခံရှေ့ရောက်တော့ မျက်နှာပိုးမသတ်တဲ့ မျက်နှာကိုမနည်း တည်လိုက်ရတယ်။ မင်းကြီးတွေလည်းရှိနေတော့
မလေးမစားလုပ်တယ်ဖြစ်နေမှာစိုးလို့....
အဟွင်း...ငါလေစိတ်ထိန်းတယ်နော်

*အိမ်ရှေ့စံမင်းသား..ကြွလာပါပြီ.!...*

ရဲမက်ရဲ့ အသံစူးစူးနဲ့အတူတူ သူလည်း ညီလာခံထဲ ဝင်လာခဲ့သည်။

ဝေ့မင်းကြီးရှေ့တော်ရောက်တော်
အရိုအသေပေးပြီး....

*ကျနော် ဝေ့ဝူးရှန့် ခမည်းတော်ကို အရိုအသေ
ပြုပါတယ်....*

⏳My Time With You⏳(Completed)Where stories live. Discover now