part 5

7.3K 730 45
                                    

သောက်အိပ်မက် ချီးအိပ်မက် သောက်ကောင်းကျိုးတစ်ခုမှမပေးတဲ့ ချီးအိပ်မက်
မက်ဖူးခဲ့သမျှတွေက ငါလိုချင်လို့တွေးလိုက်တာနဲ့ အလိုလို ရလာတာလေ.... ခုက ငါလုပ်ချင်သလိုလေး လုပ်မိတာနဲ့ ဒုက္ခ ရောက်တော့တာတဲ့လား..... မားရေ...သားအဖြစ်ကို လာကြည့်ပါဦး...အီးဟီး

ရိပေါ် မိမိရှေ့က နန်းဆောင်ကြီးကို ကြည့်ရင်း
ထိုင်ငိုချင်စိတ်ကတဖွားဖွား..။

နန်းဆောင်၏ အကျယ်က Weibo night
အခမ်းအနားတုန်းကလောက် ထက်ကို ကြီးပြီးကျယ်နေတာ..တစ်ဖက်အစွန်းကလူ အော်ပြောရင်တောင် နောက်တစ်ဖက် အစွန်းကလူမကြားနိုင်လောက်တဲ့ဟာကို ဘယ်လိုလူက ယွပြီး ဆောက်ခဲ့တာပါလိမ့်.. ခေါင်တွေကလည်း အမြင့်ကြီး အဲ့တာကို သူ့အမေကြီးတော်လို ငါက လေပေါ်ပျံပြီး တက်ရှင်းရမှာလား.... အားလုံး ဖုန်ရှုလိုက်....ပြောတော့ ငါ့ကို ချစ်လှပါတယ်ဆိုတဲ့
Fan သေနာတွေကရော ဘာလို့ ရောက်မလာတာလဲ.... ဟမ်!!!!!!!!

ရိပေါ် လက်ထဲက ရေပုံးလေးကို အသာချ အဝတ်လေးကို ဘေးနားပုံပြီး...အောက်သို့သာ ထိုင်ချလိုက်လေတော့သည်။

မလုပ်ဘူး...လုံးဝမလုပ်ဘူး....ဖြစ်ချင်ရာဖြစ် ငါ့အိပ်မက်ဆို ငါ့ကို ထိလို့ရမှာ မဟုတ်ဘူး

ရိပေါ်၏ စိတ်တစ်ဖက်က ခုလိုတွေးနေသော်လည်း
နောက်တစ်ဖက်က တန်ပြန် တိုက်ခိုက်လေသည်။

Dream VS Real!!

အကယ်၍ ဦးရီးတော် ပြောခဲ့သလို တကယ်ကြီး ဆိုရင်ရော....

မဖြစ်နိုင်တာ... ငါကရှေးခေတ်ရောက်သွားရအောင် အခု ခေတ်မှာ Time travel တွေမှမရှိနိုင်တာ...

ပြောလို့မရဘူးလေ ဇာတ်လမ်းတွေ ရုပ်ရှင် တွေထဲမှာ တောင် ပြနေသေးတာဘဲ...

အဲ့တာ ကစိတ်ကူးယဉ်တွေလေ...

အဟက် စိတ်ကူးယဉ်တွေဆို မင်း ဟိုပန်းသီး ကိစ္စ နဲ့ အရိုက်ခံ ရတုန်းကရော တကယ်မနာလို့လား

ဟို..ဟို....

အဲ့တာဘဲ မင်းဖြစ်နေသမျှက အိပ်မက်လို ဝေဝေဝါးဝါး မဟုတ်ဘူး...ကြည်လင်ပြီးပြတ်သားနေတာ
မင်းလည်း နာကျင်မှု တွေကို လက်တွေ့ခံစားလို့ ရနေတာဘဲ မဟုတ်ဘူးလား.....

⏳My Time With You⏳(Completed)Where stories live. Discover now