part 17

5.4K 615 51
                                    

ဘုရားရေ....တကယ်ကြီး တက်လာပြီ
ဘာလုပ်ရမလဲ.. ဘာလုပ်ရမလဲ

ဝမ်ရိပေါ် ချက်ချင်းဆိုသလို မျက်လုံးအားအမြန်မှိတ်ချလိုက်သည်။
ခဏကြာတော့ လေထဲက အသံတွေလိုလို
ကြားရပြီး

*ဝမ်ယုတ်မာလေး....*

*ဘုရား!! လန့်လိုက်တာ... ဝေ့ကော...ကျနော့်နားတောင်ရောက်နေပြီလား
ဝေ့ကော အရှက်မရှိလိုက်တာ... ပြောတိုင်း
လုပ်စရာလား...သွားသွား အမြန်အဝတ်သွားယူ*

မျက်လုံးမှိတ်ပြီး စွတ်အော်နေတဲ့ ဝမ်ပေါက်စ
၏ နဖူးအား ရှောင်းကျန့် တောက်ပစ်လိုက်သည်။

*အ...ကောဘာလုပ်တာလဲ*

*ဝမ်ယုတ်မာလေး....ငါကအကျီမဝတ်စရာလား
ပြီးပြီ...အကြီးကို ယုတ်မာချင်တယ်ပေါ့လေ ဟုတ်လား*

ရိပေါ်က မျက်လုံးတစ်ဖက်ကို အရင်ဖွင့်ပြီး အောက်ကို လှမ်းကြည့်လိုက်သည်။ ဟုတ်တယ် ကောကအမဲရောင် အကျီကြီးနဲ့.။
ပြီးမှ မျက်လုံး နှစ်ဖက်လုံးဖွင့်ပြီး ရယ်ကျဲကျဲလုပ်ကာ

*အဟဲ... ကောကလည်း...စတာကို
ကောလည်း ကျနော့်ကို သရဲခြောက်ထားတာဘဲ
ကျေပြီလေ...*

*သြော်....အေးအေး...မင်းဘဲပြောတော့....
အဟက်...ကောတဲ့... စောနက ခင်ဗျား ကြီး
လူယုတ်မာကြီးဆို*

*ဘာလဲ...ရိုရိုသေသေခေါ်တာမရဘူးလား
အခေါ်ခံချင်လည်း ခေါ်ပေးမယ်လေ*

*လူလည်လေး... *

ရိပေါ် နဖူးလေးအား လက်ညိုးလေးနဲ့ အသာထိုး
ရင်း သူ့အကြည့်တွေက ဆူနေတဲ့ နှုတ်ခမ်းဆီသို့
ရောက်သွားမိသည်။ အကြည့်တွေအမြန်လွှဲရင်း

*ကဲ...သွားတော့မယ်...နေခဲ့ချင်လည်းနေခဲ့*

*မနေခဲ့ပါဘူး...လိုက်မှာ...*

ထို့နောက် ရှောင်းကျန့်သွားရာနောက်သို့
ဝမ်ရိပေါ်ဆိုတဲ့ အချေကောင်လေးက ခုန်ဆွ ခုန်ဆွနဲ့
လိုက်သွားလေရဲ့....

အဝတ်လဲ ခန်းထဲအထိ လိုက်ဝင်နေသော
ရိပေါ်.... ရှောင်းကျန့်ရဲ့ အဝတ်တွေကို လိုက်ကြည့်ကာ ဟိုဟာဝတ် ဒီဟာဝတ်နဲ့ လိုက်၍ ရှုပ်နေလေသည်။ ဒါပေမယ့် ရှောင်းကျန့် မငြိုငြင်
ပါဘူး...ချစ်တာကိုး....

⏳My Time With You⏳(Completed)Where stories live. Discover now