part 34

3.9K 412 57
                                    

*ကိုကို...ဒီမှာကြည့်... မီးမီးဆွဲထားတာလှလား*

အားရှင်းက ပုံလေကိုကိုင်မြောက်ပြီးပြောတော့
သူကြည့်ပေးလိုက်တယ်။
ဟားဟား.....finally ငါ့ထက်ပုံဆွဲညံ့တဲ့သူကို
တွေ့သွားပြီကွ။
ခွေးလိုလို ကြွက်လိုလိုအကောင်တစ်ကောင်ရယ်
အရိုးခြောက်လူတစ်ယောက်ရယ်....
တော်လိုက်တာ.... ပျော်လိုက်တာ....

*အာ့ဘာပုံလဲ...*

*မြေခွေးလေးနဲ့ သူ့သူငယ်ချင်းပုံလေ...*

*သြော်...အဲ့တာ မြေခွေးလား*

ရိပေါ် ကလေးတစ်ယောက်ကိုအနိုင်မကျင့်သင့်မှန်း
သိတာမို့ ရယ်ချင်တာကိုမရယ်ဘဲ မျိုသာချလိုက်တယ်။

*ဟုတ်တယ်လေ... တော်တယ်မလား...*

* အင်းအင်း...တော်တယ်...*

ဆောတီးဘဲအားရှင်း...နင့်လက်ရာက ကမ္ဘာ့ အစုတ်ဆုံးဘဲ...

ရိပေါ်ရဲ့ အတွေးတွေကိုမသိသော အားရှင်းကတော့ တပြုံးပြုံးနဲ့။

*ကဲကဲ...ကိုကို့..ရိ...အဲ အားရှင်းလေးက ဘာတွေလုပ်နေတာလဲ...*

ဟော...လာပါပြီ.... ညီမချစ်အကိုကြီး နေ့တိုင်းကိုလာတာ....မလာတဲ့နေ့ဆိုတာ
သူရောက်တည်းကမရှိ။ ညီမလေးကိုတော်တော်
ချစ်ရှာတာနော်.....

*အကိုတော်...ဒီမှာကြည့်... အားရှင်း ဆွဲထားတဲ့ပုံလှလား...*

*မြေခွေးနဲ့ လူလား*

*အင်းအင်း....*

*မဆိုးဘူး...အားရှင်းဆွဲတတ်လာပြီ...ကြိုးစား
ထား*

ရှောင်းကျန့်စကားကိုကြားတော့ ရိပေါ်မှာ
တအံ့တသြ.. ဖြစ်နိုင်တယ် ကျန့်ကောဟာ
အဖေကောင်းတစ်ယောက်...အကိုကောင်းတစ်ယောက်ဖြစ်တယ်။... ပြီးတော့တကယ်ချီးကျူးတယ်။
မြေခွေးမှန်းသိလို့။
သူဆို ကြွက်လို့တောင်ထင်နေတာ....

*အားရှင်းလေး...ထမင်းစားပြီးပြီလား*

*စားရသေးဘူး....*

*အာ့ဆိုစားကြရအောင်လေ.... အဟမ်း
အထိန်းတော်ဝမ်ရိပေါ်ရော...စားပြီးပြီလား
စားရသေးမယ်မထင်ပါဘူး ဝင်စားသွား....
ငြင်းမယ်မကြံနဲ့ *

⏳My Time With You⏳(Completed)Where stories live. Discover now