Part-1

10.8K 597 6
                                    

Unicode

ဂါဝန်ပန်းရောင်လေးနဲ့ကောင်မလေးတစ်ယောက်။ အဝါရောင်ဆံပင်ခွေခွေလေးတွေနဲ့ အသားဖြူဖြူ၊နှုတ်ခမ်းရဲရဲလေးတွေနဲ့ချစ်စရာကောင်မလေး။ အခုထိုကောင်မလေးရှေ့တွင် ဂျီမင်းရှိနေသည်။

ဂျီမင်းမှထိုကောင်မလေးရဲ့ လက်ကိုကိုင်ကာထိကပ်နမ်းတော့မည့်အချိန်တွင်...

တီ တီ တီ....

ကောင်ခန်းရောက်နေမှ ဘယ်ခွေးအသံတုန်း!

"ကိုကြီး! ကိုကြီး"

"ဟင်..အင်း"

ဂျီမင်းမပွင့်တဲ့မျက်လုံးများကိုအတင်းဖွင့်လိုက်ရသည်။

ချီး!!!အိမ်မက်မက်နေတာပဲ!! တကယ်ရည်စားရပြီထင်တာ!

အသုံးမကျတဲ့ညီမကြောင့် အိမ်မက်ထဲမှာတောင် ကောင်မလေးနဲ့မကြည်နူးရတဲ့ဘဝ။

"alarmလေးတော့ထပိတ်ပါဦး..!မထနိုင်လည်းalarmမပေးနဲ့လေ..တစ်အိမ်လုံးနားကိုငြီးနေတာပဲ"

မနက်ထဲက ပွစိပွစိနဲ့ ငါ့အဖိုးတန် အိမ်မက်လေးကိုဖျက်စီးတယ်!!!

ဂျီမင်းနောက်ထပ်နားငြီးမခံနိုင်တော့သောကြောင့် ကုတင်ပေါ်မှလှဲနေလျက်နဲ့ alarm ကိုလှမ်းပိတ်လိုက်သည်။တကယ်တော့ အရင်အလုပ်ရှိတုန်းကပေးထားသည့် alarm ကအခုအလုပ်မရှိသည့်အချိန်အထိ မဖျက်ရသေးခြင်းပင်။

ဂျီမင်းတို့မိသားစုကတော့ မနက်ထဲကဆူညံဆူညံနှင့် ပျော်စရာကောင်းလှသည်။ အဖေ၊အမေနှင့်မောင်နှမသုံးယောက်။ သူကအလတ်၊သူ့အထက်တွင် ပတ်ဂျင်ယောင်းဆိုသည့်အစ်ကိုတစ်ယောက်၊သူရဲ့ချစ်လှစွာသောညီမလေးကတော့ ပတ်ယွန်းဟီး။

သူတို့အစ်ကိုကြီးက အိမ်ရဲ့စံပြသားလေးပင်။ မိဘဖြစ်စေချင်တဲ့အတိုင်း အားလုံးဖြစ်ခဲ့တဲ့ ဆရာဝန်ပေါ့။ သူ့ညီမလေးကတော့ အခုမှအထက်တန်းကျောင်းသူ။

သူကတော့ ၃နှစ်လောက်ဘာအလုပ်မှမမြဲ။ အခုလည်းအလုပ်ထွက်ထားတာတစ်လလောက်ရှိနေပြီ။ လောလောဆယ်တော့အလုပ်ရှာဖွေနေသူလေးပေါ့။ အလုပ်တင်မက အချစ်ပါရှာဖွေနေသူလေး။

Pʟᴇᴀsᴇ ʟᴏᴠᴇ ᴍᴇ! Sᴇᴄʀᴇᴛᴀʀʏ PᴀʀᴋWhere stories live. Discover now