Part-4

4.5K 529 30
                                    

Unicode

"ဝါး...ငါတို့ကူးကူးလေးက..လှသွားပြီ..ဟီးဟီး..."

ဒီနေ့က ဂျီမင်းကျောင်းပိတ်ရက်မို့ ကူးကူးနဲ့မနက်တည်းကသူတို့အိမ်မှာထိုင်ဆော့နေကြသည်။ အခုသူကကူးကူးရဲ့ဆံပင်ကိုနှစ်ဖက်စည်းပေးနေခြင်း။ ကူးကူးကလည်းသူဆော့သမျှငြိမ်ခံပေးသည်။

အဲ့ဒါကြောင့် ကူးကူးကသိပ်ချစ်ဖို့ကောင်းတာ။

"ဟယ်..ဂျီမင်း!သားရယ်..ကူးကူးကိုဘာတွေလုပ်ထားတာလဲ..."

သူ့မေမေက ရယ်ချင်သလိုမျက်နှာဖြင့်ပြောသည်။ သူ့မေမေက မီးဖိုချောင်ထဲက ကွတ်ကီးထည့်ထားဗန်းကိုကိုင်ကာထွက်လာသည်။ မေမေက ကိုယ်ဝန်ကြီးနဲ့မို့ ဖြည်းဖြည်းချင်းထိုင်သည်။

ဂျီမင်းက သူ့မေမေသူတို့နှစ်ယောက်ဖို့ယူလာပေးသည့် ကွတ်ကီးမုန့်တွေထဲကတစ်ချပ်ကိုကိုက်လိုက်ပြီး မေမေ့ကိုပြန်ပြောလိုက်သည်။

"မေမေကလည်း...ကူးကူးကအခုမှပိုချစ်ဖို့ကောင်းသွားတာပါ.."

သူနဲ့မေမေ့ကိုငေးကြည့်နေသည့် ကူးကူးကို သူကွတ်ကီးမုန့်တစ်ချက်ယူပေးလိုက်သည်။ ကူးကူးပိစိလေးကကွတ်ကီးကိုဖြည်းဖြည်းချင်းဝါးစားနေတာကို သူမြင်တော့ ကူးကူးကိုသူအသည်းယားလွန်းလို့ မျိုချချင်စိတ်တွေပေါက်နေသည်။

မျိုချချင်စိတ်ပေါက်တာက သူ့အလွန်မဟုတ်။ ကူးကူးကတစ်နေ့တစ်နေ့ တအားကိုပိုပိုပြီးချစ်ဖို့ကောင်းလာသည်မဟုတ်လား။

* * *

"အတွင်းရေးမှူးပတ်.!တတ်လေ..ကျွန်တော်အိမ်လိုက်ပို့ပေးမယ်..."

"အာ..ရပါတယ်ဗျ..ကျွန်တော့်ကိုဒီနားက..ကားဂိတ်လောက်ကိုလိုက်ပို့ပေးရင်..ရပါပြီ..ကျွန်တော်ကမိန်းကလေးမှမဟုတ်ဘဲ..."

"ရပါတယ်..မြန်မြန်တတ်..!ကျွန်တော် လမ်းကြုံလို့လိုက်ပို့တာ.."

"အာ..ဟုတ်!ဒါဆိုလည်းကျေးဇူးတင်ပါတယ်..."

ဂျီမင်းကားပေါ်သို့အမြန်တတ်လိုက်သည်။ဥက္ကဋ္ဌကသူ့ကိုအိမ်အထိကားမောင်း လိုက်ပို့ပေးသည်။ တစ်လမ်းလုံးတွင်သူတို့နှစ်ယောက်လုံး ဘာစကားမှမပြောဖြစ်ခဲ့ကြ။

Pʟᴇᴀsᴇ ʟᴏᴠᴇ ᴍᴇ! Sᴇᴄʀᴇᴛᴀʀʏ PᴀʀᴋWhere stories live. Discover now