Final

5.7K 446 4
                                    

Unicode

ဂျီမင်း ဂျောင်ကုရဲ့ကားလေးမြင်ကွင်းထဲမှပျောက်သွားသည်အထိငေးကြည့်နေဆဲ ။ သူကျေနပ်စွာပြုံးလိုက်သည် ။ သူ ဒီတောအတွင်းမှာ ဂျောင်ကုကိုသဘောကျနေမှန်းမသေချာခဲ့ ။ ဂျောင်ကုကိုမိန်းကလေးတစ်ယောက်နဲ့တွဲပြီးမတွေ့ခင်အထိဖြစ်သည် ။ သူထိုသို့တွေ့လိုက်ရတော့ ဂျောင်ကုကသူ့ကိုမချစ်တော့မှာ စိုးရိမ်နေမိသည် ။ ဂျောင်ကုကသူ့ကိုတွဲဖို့ပြောတော့ သူလက်လွတ်မခံနိုင်တော့ ။ သူ့ကိုဂျောင်ကုမချစ်တော့ဘဲ အဝေးကိုထွက်သွားမှာ သူအရမ်းကြောက်နေခဲ့သည် ။

ဂျောင်ကုကသူ့အပိုင်မို့လို့ ဘယ်သူမှသူ့ဘေးကဂျောင်ကုကိုလုယူသွားလို့မရဘူး !

သူတစ်ခြားကိစ္စတွေမှာသာအလျှော့ပေးချင်ပေးမယ် ။ ဂျောင်ကုနဲ့ပတ်သတ်ရင်တော့ သူဘယ်သူ့ကိုအလျှော့မပေးချင် ။ သူဂျောင်ကုနဲ့ပတ်သတ်ရင်တော့အတ္တကြီးချင်သည် ။

* * *

သူနောက်နေ့ပုံမှန်အတိုင်းအလုပ်ပြန်တတ်သည် ။ အရင်အတွေးရေမှူးမမက လုံးဝအလုပ်ထွက်သွားပြီဖြစ်သဖြင့် အရင်ကထက်ပိုလို့ပင် အလုပ်များနေသေးသည် ။ ဂျောင်ကုကသူ့ကိုလာခေါ်ပြီးအလုပ်အတူတူသွားကြသည် ။ ပြန်လျှင်တစ်နေရာဝင်၍သူတို့နှစ်ယောက်စားသောက်ကြသည် ။ ပြီးလျှင်သူ့ကိုအိမ်ပြန်လိုက်ပို့သည် ။ သူနဲ့ကုမ္ပဏီသို့အတူသွားနေကျဆိုယောင်းကို အလုပ်ကိစ္စရှိ၍ ဥက္ကဋ္ဌနဲ့အတူကုမ္ပဏီသို့သွားသည်ဟုသာပြောထားသည် ။ ဒါပေမယ့်ဘယ်သူကမရိပ်မိဘဲနေမှာလည်း ?

ဆိုယောင်းကသူ့စိတ်ထဲရိပ်မိသလိုရှိပေမယ့် ဘာမှမပြော ။ သူမတခြားသူ၏ကိုယ်ရေးကိုယ်တာကိစ္စကိုနည်းနည်းလေးမှဝင်မပါချင်သလို သိလည်းမသိချင် ။

ဂျီမင်းနဲ့ဂျောင်ကုတို့ရဲ့ချစ်သူသက်တမ်းမှာတစ်လလောက်ရှိပြီဖြစ်သော်လည်း ဒီကြားထဲ လက်ကိုင်ရုံ ၊ နမ်းရုံကလွဲလျှင်အဆင့်မတတ်ရသေး ။ ဂျီမင်းသူ့ရဲ့မသိစိတ်ထဲမှာသိပ်မကျေနပ် ။ ဘာကိုမကျေနပ်မှန်းမသိပေမယ့်ပေါ့ ။ ဂျောင်ကုကသူ့ကိုထားသွားမည်ကိုသူသေလောက်အောင်ကြောက်သည် ။ ဂျောင်ကုနဲ့သူနဲ့က တစ်သက်လုံးဒီလိုအတူရှိနေနိုင်ပါ့မလား ? ဂျောင်ကုကသူ့ကိုမချစ်တော့ရင်ရော ?

Pʟᴇᴀsᴇ ʟᴏᴠᴇ ᴍᴇ! Sᴇᴄʀᴇᴛᴀʀʏ PᴀʀᴋWhere stories live. Discover now