ဒီနေ့တော့ဂျီမင်း အရင်ကထက်စောစောထပြီး ဂျောင်ကုရဲ့ကားနဲ့သူ့အိမ်ကိုထွက်လာခဲ့သည်။ နောက်ကျမှာစိုး၍ မနက်စာတောင်မစားခဲ့ရ။
ဂျောင်ကုအိမ်ရှေ့ကိုရောက်တော့ ဘလ်နှိပ်လိုက်သည်။
"Hyung..!စောလိုက်တာ..အိမ်ထဲဝင်ခဲ့လေ.."
"အင်း.."
ဂျောင်ကုက အပြာရောင်ဆွယ်တလက်ရှည်နဲ့ ဂျင်းဘောင်းဘီတို့ကိုတွဲဝတ်ထားပြီး ကြည့်ကောင်းနေသည်။ သူကဂျောင်ကုကို အနောက်တိုင်းဝတ်စုံနဲ့ပဲမြင်ဖူးခဲ့တာကြောင့် အမြင်ဆန်းနေသည်။ ထိုဝတ်စုံကြောင့် ဂျောင်ကုကိုချောမောပြီး ပေါ့ပါးတဲ့လူငယ်ပုံစံပေါက်စေသည်။
ဂျောင်ကုက မိဘတွေနဲ့ခွဲနေတာဖြစ်မည်။ ဒီတိုက်အကျယ်ကြီးထဲမှာသူတစ်ယောက်တည်း တကယ်ပျင်းစရာကြီး။
ဂျီမင်းကတော့ မိသားစုများများနဲ့နေခဲ့လို့လားတော့မသိ။ တစ်ယောက်တည်းခွဲနေဖို့ကိုဘယ်တုန်းကမှမစဥ်းစားဖူးခဲ့။ အထီးကျန်လွန်းသည်ဟု ခံစားမိသည်။
![]()
Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image. ထမင်းစားပွဲခုံမှာ စားလက်စပေါင်မုန့်တစ်ချပ်နဲ့ သောက်လက်စကော်တစ်ခွက်။ ဂျောင်ကုကမနက်စာစားနေတုန်းဖြစ်မည်။ ဂျီမင်းကသာ ဝီရိယကောင်းပြီး မနက်စာတောင်မစားဘဲထွက်လာခဲ့တာ။ အခုမှသူဂျောင်ကုကိုအားနာသွားသည်။
"ခဏနော်..hyung! ကျွန်တော်က..ခုနကမှနိုးပြီး..မနက်စာစားနေတာ..."
ဂျောင်ကုကအားနာသလို၊ရှက်သလို လည်ပင်းကိုပွတ်ပြီးပြောသည်။ သူကမှတကယ်အားနာရမှာကို။
"မဟုတ်တာ..ငါကမှနည်းနည်းစောပြီးထွက်လာခဲ့မိတာ..."
"Hyung!မနက်စာ မစားရသေးဘူးလား..?"
![](https://img.wattpad.com/cover/219171001-288-k871343.jpg)