Part-2

4.9K 533 8
                                    

Unicode

"မေမေရေ!!သားသွားပြီနော်.."

"ခဏနေဦး..သားရေ!!..."

ဒီနေ့က ဂျီမင်း Jeon Group တွင်အင်တာဗျူးသွားဖြေရမယ့်နေ့။ သူတော်တော်စိတ်လှုပ်ရှားနေသည်။ အင်တာဗျူးကိုအများကြီးမမျှော်လင့်ထားသော်လည်း ဂျီမင်း နည်းနည်းလောက်တော့မျှော်လင့်ထားသည်။

သူ့အမေက မီးဖိုချောင်ထဲကထွက်လာပြီး

"ဂျီမင်း..! ဒီနေ့ကောင်းကောင်းလုပ်ခဲ့နော်..မေမေ..အိမ်ကဆုတောင်းပေးနေမယ်နော်..."

"ဟုတ်!မေမေ..!"

* * *

ဂျီမင်းအခု အင်တာဗျူးဖြေရမည့် Jeon Group ရှေ့သို့ရောက်လာခဲ့သည်။ Jeon Groupက အစားအသောက်လုပ်ငန်း။ တစ်နိုင်ငံလုံးတွင်ဆိုင်ခွဲများစွာရှိရုံမက၊တချို့သောအာရှနိုင်ငံများတွင်ပင် ဆိုင်ခွဲများရှိသေးသည်။

ဂျီမင်း ကိုယ့်ကိုကိုယ်အားပေးပြီး သူ့ရှေ့က အဆောက်အဦးထဲသို့ဝင်သွားလိုက်သည်။အဆောက်အဦးထဲရောက်တော့ ထိုအဆောက်ဦးကသူထင်ထားတာထက်ပင်ကြီးနေသေးသည်။ ဂျီမင်း ဘယ်ကိုသွားရမှန်းမသိတော့ reception ကိုသွားမေးလိုက်သည်။

"ဟို..အမတို့!..အတွင်းရေးမှူးအတွက် အင်တာဗျူးတဲ့နေရာက..ဘယ်နားမှာလဲဗျ..!"

"ေဩာ်..အပေါ်ဆုံးထပ်က..ဥက္ကဋ္ဌရဲ့အခန်းထဲမှာပါ"

ဝိုး..ဥက္ကဋ္ဌကိုယ်တိုင် အင်တာဗျူးမှာလား..? အင်းပေါ့!သူ့အတွင်းရေးမှူးဆိုတော့လည်း

"ဟုတ်ကဲ့..ကျေးဇူးပါဗျ..."

ဂျီမင်းကျေးဇူးတင်ကြောင်းပြောပြီး ဓာတ်လှေကားစီးပြီး အပေါ်ဆုံးထပ်သို့တတ်လာခဲ့သည်။ အခန်းတစ်ခန်းရဲ့ရှေ့တွင် အတွင်းရေးမှူးဖြစ်ဟန်တူသော မမတစ်ယောက်ထိုင်ပြီး အလုပ်လုပ်နေသည်။ သူထင်တာမမှားဘူးဆိုလျှင် ဒီအခန်းကဥက္ကဋ္ဌအခန်းဖြစ်ရမည်။

"ဟို..အမ..တစ်ဆိတ်လောက်ဗျ..."

သူခေါ်လိုက်တော့ အလုပ်လုပ်နေသည့်မမက သူ့ကိုမော့ကြည့်လာသည်။

"ဟို..ကျွန်တော်က အင်တာဗျူးဖြေဖို့လာတာဗျ.."

"ေဩာ်..မောင်လေး!ခဏနော်..."

Pʟᴇᴀsᴇ ʟᴏᴠᴇ ᴍᴇ! Sᴇᴄʀᴇᴛᴀʀʏ PᴀʀᴋWhere stories live. Discover now