Part-5

4.3K 511 9
                                    

Unicode

"ကျွန်တော်တောင်းဆိုစရာရှိလို့ပါ...ကျွန်တော်အတွင်းရေးမှူးပတ်ကိုအလုပ်ချိန်ပြင်ပမှာ Hyung လို့ခေါ်လို့ရမလား?..."

"...."

ဂျီမင်းဘယ်လိုပြန်တုံ့ပြန်ရမှန်းမသိတော့။ ထိုလူကသူ့ကိုဘာလို့ Hyung လို့ခေါ်ချင်ရတာလဲ။ ဂျီမင်း ဘယ်လိုစဥ်းစားစဥ်စား၊စဥ်းစားလို့မရပေ။ သူတို့ကတွေ့တာတောင်တစ်ပတ်မပြည့်သေးဘူးမလား။

သူတို့နှစ်ယောက်က ရင်းလည်းမရင်းနှီးဘူးလေ။ ဟုတ်မလား။? သူ့ကိုအင်္ကျီဝယ်ပေးဖူးတာ၊အိမ်ကိုလိုက်ပို့ပေးတာ၊နေ့လည်စာအတူစားဖူးတာက လွဲရင် ဘာမှမရင်းနှီးသေးဘူးလေ။

ထိုသူကသူ့ကိုဘာကြောင့်ရင်းနှီးချင်နေရတာလဲ?။ ပြီးတော့ သူတို့နှစ်ယောက်ကအလုပ်ရှင်နဲ့အလုပ်သမားလေ။ အပြင်မှာဘာမှတွေ့စရာအကြောင်းမှမရှိတာ။

ဂျီမင်းစိတ်ထဲမှာ စဥ်းစားနေတာကိုထိုသူက ရိပ်မိသွားလားတော့မသိ။

"တကယ်တော့လေ...ကျွန်တော်ကတစ်ဦးတည်းသောသားပါ..ကျွန်တော်က..အစ်ကိုတစ်ယောက်အရမ်းလိုချင်တာ..အဲ့ဒါကြောင့်..အတွင်းရေးမှူးပတ်ကို..အစ်ကိုတစ်ယောက်လိုခင်ချင်လို့ပါ..."

ဂျီမင်းအကြပ်ရိုက်သွားသည်။ ထိုသူကဒီလောက်ထိပြောပြီး သူနဲ့ခင်ချင်တာတောင် သူကငြင်းလိုက်လို့မဖြစ်။ ထို့အပြင်သူ့အလုပ်ရှင်ဆိုတော့ပိုဆိုးသေးသည်။

"အာ..ရပါတယ်..ဥက္ကဋ္ဌကခေါ်ချင်တယ်ဆိုလည်းခေါ်ပါ..."

ထိုသူရဲ့မျက်လုံးတွေအရောင်လဲ့သွားတာကိုဂျီမင်းတစ်စွန်းတစ်စမြင်လိုက်ရသည်။

"ဟုတ်ကဲ့..Hyung...!"

ဂျီမင်းရင်ထဲမှလည်းဘာကြောင့်မှန်းမသိနွေးထွေးမှုတစ်ချို့ခံစားလိုက်ရသည်။

"Hyungလည်းကျွန်တော့ကို အလုပ်ချိန်အပြင်မှာ..ဂျောင်ကုလို့ခေါ်လို့ရပါတယ်.."

ဂျီမင်းဘာမှပြန်မပြောနိုင်ခင်မှာ ထိုသူကတော့ကားမောင်းခြင်းကိုအာရုံစိုက်နေပြီဖြစ်သည်။ ဂျီမင်းဘာကိုမှမစဥ်းစားနိုင်တော့။

Pʟᴇᴀsᴇ ʟᴏᴠᴇ ᴍᴇ! Sᴇᴄʀᴇᴛᴀʀʏ PᴀʀᴋWhere stories live. Discover now