Part-12

3.9K 434 9
                                    

Unicode

" ဟတ်ချိုး ! "

ဂျီမင်းတစ်ခါနှာချီတိုင်း ဂျောင်ကုရဲ့ခေါင်းက အပြစ်ရှိသလိုငုံငုံသွားသည် ။ Hyung အအေးမိနေပါတယ်ဆို သူ့ကြောင့်ပိုဆိုးသွားသည်ဟုသူထင်နေတာကြောင့် ။ သူအခု hyung ရဲ့အိပ်ခန်းထဲမှာရောက်နေတာဖြစ်သည် ။ Hyung နဲ့သူနဲ့နမ်းပြီးသွားတဲ့အချိန်မှာ hyung ရဲ့အမေကအိမ်ထဲကထွက်လာပြီး သူ့ကိုအိမ်ထဲခေါ်ခဲ့ခြင်းဖြစ်သည် ။ Hyung ရဲ့အမေက hyung ရဲ့အဝတ်အစားကိုသူ့ကိုပေးဝတ်ထားသေးသည် ။ နေ့လည် ၁၂ လောက်ဖြစ်နေတော့Hyung ရဲ့အိမ်မှာhyungအမေရယ်၊hyungရယ်၊သူရယ်သာရှိသည် ။ အခုHyung က,ကုတင်ပေါ်မှာထိုင်နေပြီး သူ့ဆံပင်ကိုသဘက်တစ်ခုနဲ့သုတ်နေသည် ။ သူကတော့ hyung ကုတင်ရှေ့ကထိုင်ခုံမှာထိုင်နေတာဖြစ်သည် ။ သူ hyung ရဲ့ရေစိုနေတဲ့ဆံပင်တွေကိုထ,သုတ်ပေးချင်ပေမယ့် hyung မလိုလားမှာကိုစိုးနေသည် ။

Hyung ကဘာမှမဖြစ်တဲ့ပုံ ။ သူလုပ်စရာရှိသည်များကိုသာလုပ်နေသည် ။ သူ့ကိုလည်းအခုထိစကားမပြောသေး ။  Hyung ရဲ့စိတ်ကခန့်မှန်းရခက်လိုက်တာ ။ သူမနေနိုင်တော့ဘဲ hyung ခေါင်းသုတ်နေတဲ့နားကိုသွားပြီး သဘက်ကိုဆွဲယူပြီးသုတ်ပေးလိုက်သည် ။ Hyung ကသူ့အားမော့ကြည့်လာသည် ။

" ကျွန်တော်လုပ်ပေးမယ်နော် "

Hyung ကဘာမြှပန်မပြော ။ လက်ခံတယ်လို့သူယူဆပြီး ဆက်လုပ်ပေးနေလိုက်သည် ။

Hyung ရဲ့ဆံပင်တွေကလည်းတကယ့်ကိုနူးညံ့နေမှာပဲ ။ သူမရဲတရဲနဲ့ hyung ရဲ့ဆံပင်လေးတွေကို ကိုင်လိုက်သည် ။ သူထင်ထားတဲ့အတိုင်းပဲ ။ ဒီလူသားရဲ့ခန္ဓာကိုယ်တစ်ခုလုံးက နူးညံ့နေတာပဲလား ? သူထိုဆံပင်လေးတွေကိုနမ်းချင်လာမိသည် ။ သူစိတ်မထိန်းနိုင်ဘဲ hyung ရဲ့နူးနူးညံ့ညံ့ဆံပင်လေးတွေကိုငုံ့ပြီးနမ်းလိုက်သည် ။

" ဂျောင်ကု !!! "

Hyung က သူ့ကိုတွန်းဖယ်ပြီး အခန်းအပြင်ကိုထွက်သွားသည် ။ Hyung ရဲ့မျက်နှာလေးရဲနေတာကိုတော့ သူမြင်လိုက်ရသည် ။

Hyung ထွက်သွားပြီးခဏကြာတော့ hyung ရဲ့အမေအခန်းထဲဝင်လာသည် ။

" ဂျောင်ကု ! မင်းထမင်းစားပြီးမြှပန်နော်။ အိမ်ရှေ့မှာအန်တီပြင်ထားတယ် ။ ဂျီမင်းကတော့စားနေပြီ "

Pʟᴇᴀsᴇ ʟᴏᴠᴇ ᴍᴇ! Sᴇᴄʀᴇᴛᴀʀʏ PᴀʀᴋWhere stories live. Discover now