Part-9

4K 448 4
                                    

"Hyung! ဘာဖြစ်လို့လဲ"

ဂျောင်ကုရုတ်တရပ်ဖြစ်သွားတဲ့အခြေအနေများကို နားမလည်နိုင်ဘဲ မေးမိသည်။ သူ့ရဲ့ပခုံးထက်မှာစိုစိုစွတ်စွတ်ခံစားလိုက်ရသလို။

Hyung ငိုနေတာများလား !

သူ hyung ရဲ့ပခုံးနှစ်ဖက်ကိုအသာကိုင်ကာ သူနဲ့မျက်နှာချင်းဆိုင်စေသည်။ သူထင်ထားသည့်အတိုင်း သူ့ hyung ရဲ့ပါးပြင်ထက်မှာ မျက်ရည်စတွေနဲ့။ သူ ထိုမျက်ရည်စများကို ဖြေညှင်းစွာ၊နူးညံ့စွာ သုတ်ပေးလိုက်သည်။

"Hyung ! ကျွန်တော့်ကိုပြောပြဦးလေ။ အခု hyung ဘာတွေဖြစ်နေတာလဲ"

"ဂျောင်ကု...."

Hyung ကသူ့နာမည်ကိုရှိုက်သံလေးတွေနဲ့ခေါ်သည်။

"အင်း hyung!"

"မင်းငါ့ကိုမမှတ်မိဘူးလား..."

"ဟင်"

သူကဘာကိုမှတ်မိရမှာလဲ?

သူစဥ်းစားနေရင်း hyung ကဆက်ပြောလာသည်။

"မင်းငယ်ငယ်တုန်းက ငါတို့အိမ်မှာ ငါနဲ့ဆော့နေကျလေ။ ငါမင်းကို ဆံပင်စည်းပေးရင်တောင် မင်းက ငြိမ်ငြိမ်လေးနေပေးနေကျလေ။ ငါကျောင်းသွားတုန်းကလဲ မင်းက မသွားပါနဲ့ ဆိုပြီး ငိုခဲ့တယ်လေ။"

"ဟင် ! hyungနဲ့ကျွန်တော်က..."

သူက သူ့အမေနဲ့သုံးနှစ်ကျော်အတူနေခဲ့ရတဲ့အချိန်တွေကိုတောင်သိပ်မမှတ်မိတော့။ ဓာတ်ပုံသာမရှိရင် သူ့အမေရဲ့မျက်နှာဘယ်လို၊ဘယ်ပုံ ဆိုတာတောင်သူသိမှာမဟုတ်။ သူကအဲ့ဒီ့အချိန်တုန်းကသိပ်ငယ်လွန်းသေးသည်မဟုတ်လား။

Hyungနဲ့သူနဲ့ကငယ်ငယ်တည်းကသိတယ်လား ? ?

"ဟုတ်တယ်။ မင်းနဲ့ငါနဲ့ငယ်ငယ်တည်းကသိတာ။မင်းကငယ်သေးတော့မမှတ်မိတော့ဘူးထင်တယ်"

Hyung ကသူ​စိတ်ထဲကစကားများကိုသိနေသလိုပြောသည်။

"မင်းမမှတ်မိလည်း ငါပဲအကုန်ပြောပြပါ့မယ်။ မင်းကိုပြန်မတွေ့ရတော့ဘူး လို့တောင်ထင်နေတာ" Hyung ကထပ်ပြောသည်။ သူကပြုံးနေရုံသာ။

"ကျွန်တော်ငယ်ငယ်တုန်းက ဘယ်လိုမျိုးလဲ?"

သူ့ရဲ့ငယ်ငယ်တုန်းကပုံစံထက် hyung ရဲ့မျက်လုံးထဲမှာသူကဘယ်လိုပုံစံမျိုးလဲဆိုတာ သိချင်သည်။

Pʟᴇᴀsᴇ ʟᴏᴠᴇ ᴍᴇ! Sᴇᴄʀᴇᴛᴀʀʏ PᴀʀᴋWhere stories live. Discover now