Part-10

3.8K 437 8
                                    

Unicode

" တကယ်လား hyung။ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါ hyungရယ်... "

ဒီလိုစကားမျိုးတွေပြောတာ ဂျောင်ကုတော့မသိ ။ သူကတော့မျက်နှာချက်ချင်းပူလာသည် ။ ရှက်နေတာလို့တော့ ခင်ဗျားတို့မပြောနဲ့ ။ ဘယ်သူမဆို ကိုယ့်ကိုအဲ့လိုကြီးတွေလာပြောရင် မျက်နှာပူမှာပဲ ။ ပြီးတော့ ပြောတဲ့သူကလည်းကိုယ့်ကိုချစ်ပါတယ်ဆိုပြီးဝန်ခံထားတဲ့သူတစ်ယောက် ။ သူ ဂျောင်ကုကိုမော့မကြည့်ဘဲ ခေါင်းညိတ်ပြလိုက်သည် ။ သူ့ရင်ထဲမှာနွေးနေသည် ။ ဒီလိုသူ့ကိုဂရုစိုက်ပေးမယ့်သူ ကြောင့်များလား ။ ခုနကမိုးစိုပြီးအေးနေတာတောင် ဘယ်ရောက်သွားမှန်းမသိ ။ ဒါပေမယ့် သူဒီအကြောင်းတွေကိုတော့ ဂျောင်ကုကိုဘယ်တော့မှပြောလိမ့်မည်မဟုတ်ပေ။

* * *

" Hyung! ချစ်တယ် ။ Good nightနော် "

ဂျောင်ကုကထုံးစံအတိုင်း သူ့ကိုနှုတ်ဆက်သည်။

" အင်း! Good night "

သူကလည်းအရင်အတိုင်းပင် ပထမစကားကိုမကြားချင်ယောင်သာဆောင်ပြီး good night ဟုပြန်နှုတ်ဆက်လိုက်သည် ။

သူထိုညကအအေးမိပြီးဖျားလေသည် ။ မိုးလေးနည်းနည်းမိတာနဲ့တန်းပြီဖျားတော့တာပင် ။ ဆေးသောက်ပြီး ညစာတောင်မစားနိုင်အိပ်ရာထဲဝင်အိပ်တော့သည် ။ ကောင်းကောင်းအိပ်ပျော်သွားတာနဲ့ မနက်အလန်းမြည်တာတောင်မကြားလိုက် ။ အလုပ်သွားခါနီးမှပဲနိုးလာတော့သည် ။ သူအလုပ်လည်းခွင့်မယူချင်တာကြောင့် မနက်စာတောင်မစားနိုင်ဘဲ အလုပ်ကိုမြန်မြန်ထွက်လာခဲ့သည် ။ သူနာရီဝက်လောက်တော့နောက်ကျသွားသည် ။ ဂျောင်ကုလည်းသူ့ရုံးခန်းထဲမှာရောက်နေလောက်ပြီထင်သည် ။ မိန်းကလေးတစ်ယောက်နဲစကားပြောသံသဲ့သဲ့ကြားနေရသည် ။ ဧည့်သည်တစ်ယောက်ရောက်နေဟန်တူသည် ။ သူအလိုက်သိစွာ ကော်ဖီနှစ်ခွက်ဖျော်ပြီး အခန်းတံခါးဖွင့်လိုက်သည် ။ သူတံခါးအဖွင့်တွင် ဆံပင်အညိုရောင်လေးနဲ့ ရိုးရိုးရှင်းရှင်းလေးလှပနေသည့် ကောင်မလေးတစ်ယောက်ရပ်နေသည်ကိုတွေ့လိုက်ရသည် ။

" အချစ်ကလေးကလည်း စိတ်ကြီးပဲကွာ "

ဂျောင်ကုကပြောပြီး ထိုင်ခုံမှထ,လာကာ ထိုကောင်မလေးကိုဖက်လိုက်သည်ကိုတွေ့လိုက်ရသည်။

Pʟᴇᴀsᴇ ʟᴏᴠᴇ ᴍᴇ! Sᴇᴄʀᴇᴛᴀʀʏ PᴀʀᴋWhere stories live. Discover now