အပိုင်း [ ၁ ]

311K 13.6K 1.1K
                                    


"အဓိပ္ပါယ်မရှိတာ"

စီးကရက်ကို တစ်ရှိုက်ဖွာပြီး သူ ရေရွတ်လိုက်သည်။

အေးစက်စက် လေထုထဲ မျှောလွှင့်သွားတဲ့ အခိုးအငွေ့တွေက ဦးတည်ရာမဲ့။

သူ ဆယ်နှစ်ကျော် မရောက်ဖြစ်ခဲ့သော အပန်းဖြေ စံအိမ်ကြီးကို ကျောခိုင်းထားရင်း  မြို့ထဲက အိမ်ငယ်လေးတွေကို စီးမိုးကြည့်နေမိ၏။

တောင်တန်းတွေ ဝန်းရံထားသော နယ်မြို့လေးက သစ်ပင်တွေနှင့်လယ်ယာစိုက်ခင်းတွေကို ပိုမိုနေရာပေးထား၍ အိမ်ခြေနည်းပါးသည်။

တောင်ခြေရေတံခွန်မှ စုန်ဆင်းသော မြစ်ချောင်းက မြို့ကို ပွေ့ပိုက်ထားသဖွယ်။

Daddy သဘောအကျဆုံး ဒီရှုခင်းက စိတ်အေးချမ်းစရာ ဖြစ်သော်ငြား သူကတော့ စျာန် မဝင်စားနိုင်။

"မြတ်သော"

နောက်ပါးဆီက မေမေ့ခေါ်သံကြောင့် မြတ်သောမာန် လက်ထဲရှိ စီးကရက်ကို ပစ်ချပြီး ဖိနပ်ထိပ်ဦးဖြင့် နင်းချေ ပစ်ရသည်။

မိုးရေစွတ်နေသည့် မြက်ပင်တွေကြား မီးသေသွားသည့် စီးကရက်ပိုင်းကို မေမေက မနှစ်မြို့သလို တစ်ချက် ကြည့်သည်။

"ဒီပုံစံနဲ့ စေ့စပ်ပွဲတက်မလို့လား"

Style pant အနက် နှင့် Shirt အင်္ကျီလက်ရှည် အဖြူရောင်ကို ရင်ဘတ် ကြယ်သီးနှစ်လုံးလောက် ဟထားမိတာ မေမေ့အမြင်မှာ မယဥ်ကျေးရာ ရောက်နေပုံပါပဲ။

"ဘာလဲ ကျွန်တော်က အရေးမပါတဲ့ စေ့စပ်ပွဲကို တိုက်ပုံနဲ့ ပုဆိုးဝတ်သွားရမှာလား"

ဘောင်းဘီအိတ်ထောင်ထဲ လက်နှစ်ဖက်ထည့်ကာ သူ နှုတ်ခမ်းမဲ့မိတော့ မေမေက မျက်မှောင်ကြုတ်လေ၏။။

"အရေးမပါဘူး လို့ မပြောစမ်းနဲ့ မြတ်သောမာန်!...မေမေကလည်း အဲ့ဒီကလေးကို သားတော်ချင်တယ်"

'ဒါဖြင့် ဘာလို့ မမွေးစားလဲ' လို့ မေးချင်ပေမယ့် သူ နှုတ်ဆိတ်နေလိုက်သည်။

မိသားစု အမွေကို အတူတကွ ထိန်းသိမ်းခွင့်ဆိုတာကြောင့် သူက မဖြစ်မနေ ကောင်လေးတစ်ယောက်ရဲ့လင်တော်ရမည်လား။

မိုင်Where stories live. Discover now