အပိုင်း [ ၂၃ ]

110K 11K 536
                                        

December 6.

"ဒါ မင်းအတွက် လက်ဆောင်"

ဦးမြတ်သောကမ်းပေးသော လက်ဆောင်ဘူးလေးကို မိုင်မိုင်း လက်နှစ်ဖက်ဖြင့် လက်ခံယူလိုက်သည်။

"ဖွင့်ကြည့်လေ"

အဖြူရောင် လေးထောင့်ဘူးလေးကို သူ ပေါင်ပေါ်တင်ကာ အဖုံးလှပ်ကြည့်လိုက်တော့ အထဲတွင် Camera လေးတစ်လုံးနှင့်Film box တစ်ခုကို တွေ့ရ၏။ Camera က Instax polaroid cameraလေး ဖြစ်ပြီး မိုင်မိုင်းကြိုက်သည့် မိုးပြာရောင်လေး ဖြစ်သည်။

"မင်း အမှတ်တရ ရိုက်ချင်တာလေးတွေ ရိုက်ရအောင်လို့လေ...boxထဲမှာက ဖလင်ချပ် ၁၀၀ ပါတယ်"

"ဟုတ်...ဘယ်လိုသုံးရတာလဲဗျ"

"ကိုယ်ရိုက်ပြမယ်"

"ကျွန်တော့်ကို ရိုက်ပေးပါ"

ဦးမြတ်သောက Camera ထဲ Film Sheets ထည့်ပြီး သူ့ကို ချိန်လာတော့ မိုင်မိုင်း Sofaရှည်ပေါ်တွင် ထိုင်နေရင်း နံဘေးက ဦးမြတ်သောဘက်ကို မျက်နှာလှည့်ကာ ပြုံးရယ်ပြလိုက်သည်။

"ရပြီ...ပုံ ပေါ်လာအောင် ခဏစောင့်လိုက်"

Camera ထဲက ပြန်ထွက်လာသည့် Film sheet ကို စားပွဲပေါ် သာသာလေး ချပြီး စောင့်ကြည့်နေလိုက်တော့ ၂မိနစ်နီးပါးအကြာတွင် မိုင်မိုင်းရဲ့ ပုံလေး ထင်ထင်ရှားရှား ပေါ်လာပါသည်။

အဖြူရောင် ဆွယ်တာလေးနှင့်ပြုံးရယ်နေသော မိုင်မိုင်းရဲ့ပုံကို ကြည့်ကာ ဦးမြတ်သောကလည်း ပြုံးနေ၏။

"ကိုယ် ဒီပုံလေး ယူလို့ရမလားဟင်"

"ဟုတ်...ကျွန်တော်လည်း ဦး​မြတ်သော ရဲ့ပုံကို ရိုက်ယူမယ်နော်"

ဦးမြတ်သောက ခေါင်းညိတ်ပြတော့ သူ Camera ကို ဦးမြတ်သော သင်ပေးထားသည့် အတိုင်း ကိုင်ပြီး သေချာ ချိန်ရိုက်လိုက်ပါသည်။

"ရပြီဗျ"

အစောကလိုပဲ ခဏစောင့်ရပြီး ပေါ်လာသည့် ပုံထဲမှာတော့ အပြာရောင် ဆွယ်တာနှင့်ဦးမြတ်သောက ပြုံးသည်ဆိုရုံ ပြုံးနေပေမယ့် အကြည့်တွေကတော့ နက်ရှိုင်းနေလေ၏။

"ကျွန်တော် ဒီပုံကို Phone Caseထဲ ထည့်မှာဗျ"

"ကိုယ်ကတော့ မိုင့် ပုံကို Wallet ထဲ ထည့်မလို့"

မိုင်Hikayelerin yaşadığı yer. Şimdi keşfedin