ဇာတ်သိမ်းပိုင်း

149K 11.2K 1.1K
                                        

"ပြန်ရောက်ပါပြီ ခင်ဗျာ"

ဧည့်ခန်းကို ဖြတ်ပြီး မီးဖိုခန်းထဲရှိ သူ့ဆီသို့ လျှောက်လာသော မိုင်မိုင်းအား မြတ်သောမာန် ပွေ့ဖက်ကာ ကြိုလိုက်၏။

"ညစာ အရင်စားလိုက်"

"ဟုတ်ကဲ့ဗျ"

သူ ညစာအတွက် Pasta လုပ်ထားတာမို့ စတိုခန်းထဲမှ နှစ်ချို့ ဝိုင်တစ်ပုလင်း ထုတ်လာခဲ့သည်။

"စားလို့ အဆင်ပြေရဲ့လား"

မိုင်မိုင်းအတွက် ဝိုင်တစ်ခွက် ငှဲ့ပေးရင်း သူမေးတော့ မိုင်မိုင်းက ခေါင်းညိတ်ပြကာ "ကြိုက်တယ်ဗျ" ဟု ဆိုသည်။

ရံဖန်ရံခါမှ သူလုပ်ပေးနိုင်သည့် အစားအသောက်မှန်သမျှကို ကောင်းကောင်းစားပေးသော မိုင်မိုင်းက အမြဲလို ချစ်စရာကောင်းသည်ပင်။

"များများစားနော်"

"ဟုတ်ကဲ့"

သူလည်း မိုင်မိုင်းနှင့်အတူ ညစာစားရင်း ဒီနေ့ မိုင်မိုင်း သွားခဲ့သည့် ဂေဟာနှင့်ပတ်သက်၍ ပြန်ပြောပြလာတာတွေကို အာရုံစိုက်ကာ နားထောင်ပေးလိုက်သည်။

"ကလေးတွေက ကျွန်တော်တို့လာတာကို ပျော်နေကြတယ်လေ...စိတ်မကောင်းစရာ တစ်ခုက ဂေဟာမှာ ထောက်ပံ့မှုတွေ တော်တော်လေး လိုအပ်နေပေမယ့် အလှူရှင် သိပ်မရှိတာပဲဗျ"

"Daddy ရှိတုန်းက ကလေးဂေဟာတွေကို ထောက်ပံ့ဖို့အတွက် Foundation တစ်ခု တည်ထောင်ဖို့ စီစဥ်ခဲ့သေးတယ်"

"ဟုတ်ကဲ့"

"ဆေးဝါးလုပ်ငန်းကနေ ပုံမှန်တော့လှူနေပေမယ့် မေမေလည်း Daddyရဲ့လုပ်ငန်းတွေကို လက်လွှဲယူလိုက်ရပြီးနောက် အဲဒီကိစ္စကို သေချာ အကောင်အထည်မဖော်ပေးနိုင်သေးဘူး ဖြစ်နေတာလေ...မိုင်ဆိုရင်ရော ဘယ်လိုသဘောရလဲ...အခုတော့ လိုအပ်တဲ့နေရာတွေကို ထောက်ပံ့ပေးရင်း မိုင် ကျောင်းပြီးသွားမှ Foundation လုပ်ဖို့ စဥ်းစားကြည့်မလား"

"Foundation ကတော့ တာဝန်ကြီးပေမယ့် ကျွန်တော် စဥ်းစားကြည့်လိုက်ပါဦးမယ်ဗျ...လောလောဆယ်တော့ ကျွန်တော် အဲဒီဂေဟာက အဆောက်အဦးကို ပြင်ပေးချင်တယ် ဦး...ကလေးတွေရဲ့အိပ်ဆောင်တောင်မှ ခေါင်မိုးက မလုံချင်တော့ မိုးရာသီ မတိုင်ခင်လေး အဆောက်အဦးက ခိုင်ခိုင်ခံ့ခံ့နဲ့လုံလုံခြုံခြုံလေး ဖြစ်သွားရင်ကောင်းမှာ...အဓိကက ဦးခန့်သူရိန်ရဲ့နာမည်နဲ့ လှူချင်တာပါပဲ"

မိုင်Where stories live. Discover now