အပိုင်း [ ၁၂ ]

124K 11.8K 281
                                        

Major Welcome တွင် Prince Title ရပြီးနောက် မိုင်မိုင်း ကျောင်းတွင် အာရုံစိုက်ခံလာရသည်။

သူငယ်ချင်းတွေနှင့် ဆက်သွယ်ရန် သုံးသော Facebook account ထဲတွင် Friend request တွေ ရာချီလာသလို စာတွေလည်း အများကြီးဝင်နေသဖြင့် Messenger ကို Log out ထားရသည်အထိပင်။ သူ့ ဖုန်း နံပါတ်ကို ဘယ်လိုရကြလဲ မသိပေမယ့် တစ်ခါတစ်ရံ ညသန်းခေါင်ယံချိန်တောင် ဝင်လာတတ်သော ဖုန်းCall တွေကြောင့် အိပ်ရာမဝင်ခင်တိုင်း ဖုန်းကို Power off ရသည်မှာလည်း အလုပ်တစ်ခု။

Canteen ထိုင်လျှင်လည်း မိုင်မိုင်းတို့ ထိုင်သည့်ဝိုင်းအတွက် ကျသင့်ငွေရှင်းသွားတတ်တာတွေကို ခဏခဏ ကြုံရသဖြင့် သူတို့တွေ ကျောင်း Canteen ထက် ကျောင်းပြင်ပ ဆိုင်တွေမှာပဲ ထိုင်ဖြစ်တော့သည်။

ဒီနေ့ Tutorial တစ်ချိန်ဖြေပြီး သူတို့ သုံးယောက်လုံး အတန်းမတက်ဖြစ်ကြ။

ခွန်းဒီရဲ့ အမေက မွေးနေ့အလှူ ဖိတ်ထား၍ သူ မနက်ကတည်းက ဦးမြတ်သောကို နေ့လယ်ပိုင်း အတန်းပျက်မည့်အကြောင်း အသိပေးခဲ့ပြီး ဖြစ်သည်။

"သားတို့ လာကြ"

"မင်္ဂလာပါ အန်တီ"

မိုင်မိုင်း ကိုယ်တိုင် စိုက်ထားသော သစ်ခွပန်း တစ်အိုးကို မွေးနေ့ လက်ဆောင်ပေးတော့ အန်တီက ဝမ်းသာအားရ လက်ခံပါ၏။

"အန်တီ လိုချင်နေတဲ့ မျိုးပဲ...ကျေးဇူးတင်လိုက်တာ သားရယ်"

ပထမဆုံးအကြိမ် တွေ့ဆုံခြင်းဖြစ်သော်လည်း အန်တီက သူတို့ကို ရင်းနှီးစွာ နွေးနွေးထွေးထွေး ဆက်ဆံသည်။

"လှလိုက်တာကွယ်"

စိုင်းလောဝ်ပေးတဲ့ ရှမ်းရိုးရာ ခြုံပုဝါကိုလည်း အန်တီက သဘောကျတာပင်။

ချည်ထည် ရင်ဖုံးနှင့်ထဘီကို ရိုးရိုးရှင်းရှင်း ဝတ်ထားသော မွေးနေ့ရှင် အန်တီက နောက်တွဲဆံထုံးမှာ အဖြူရောင် သစ်ခွတစ်ပွင့် ပန်ထားကာ ကျက်သရေ ရှိလှ၏။

မြန်မာမှု ပရိဘောဂတွေနှင့်ခမ်းနားထည်ဝါသော ဧည့်ခန်းထဲတွင် နံရံပေါ်ရှိ မိသားစုဓာတ်ပုံတွေက ခွန်းဒီပ၏မျိုးရိုးဂုဏ်ကို ဖော်ပြနေသည်။

မိုင်Where stories live. Discover now