အပိုင်း [ ၂၇ ]

85.9K 10.4K 1K
                                    

ညီလတ် တက္ကသိုလ်ဝင်တန်းအောင်တော့ အမျိုးတွေက မိုင်မိုင်းတုန်းကလိုပဲ ဂုဏ်ပြုပွဲ လုပ်ပေးကြသည်။ ဘာသာစုံဂုဏ်ထူးဖြင့်အောင်မြင်သည့် နိုင်နိုင်းအတွက် သူ သိပ် ဂုဏ်ယူရပြီး ဂုဏ်ပြုလက်ဆောင်အဖြစ် နိုင်နိုင်းလိုချင်နေသည့် Airpod pro လေး ဝယ်ပေးလိုက်၏။

ဂုဏ်ပြုပွဲကိုတော့ ဦးမြတ်သောမာန် မအား၍ မိုင်မိုင်း တစ်ယောက်တည်း လာခဲ့တာ ဖြစ်သည်။

"ကျွန်တော် ဆေးကျောင်းပဲ တက်ချင်တယ် ကိုကြီး...တက္ကသိုလ်မတက်ခင် ကာလတွေမှာတော့ အိမ်ကစိုက်ခင်းတွေကို ဂရုစိုက်ပေးရင်းနဲ့ ကျွန်တော် အထက်တန်းတွေကို Guide ပြန်ပြ
မယ်လို့ တွေးထားတယ်"

"အင်း...ညီလတ် တက္ကသိုလ်တက်တဲ့အချိန်ကျရင်တော့ စိုက်ခင်းတွေကို အငှားချလိုက်တာပဲကောင်းမယ်...အငယ်ကလည်း ကူနိုင်တဲ့အရွယ် မဟုတ်တော့ အဖေတစ်ယောက်တည်းဆို ပင်ပန်းမှာလေ"

"အဖေက ကော်ဖီစိုက်ပျိုးရေးကိုပဲ တစိုက်မတ်မတ်လုပ်ချင်ပုံရတယ်...ဦးမြတ်သောတို့က တစ်ခြံလုံးကို ဒီအတိုင်း အလကားပေးလိုက်သလို ဖြစ်နေတော့ အဖေက အားနာတာ"

"အင်း...အန်တီစန္ဒာတို့က ငါ ဦးမြတ်သောနဲ့လက်ထပ်ရင် ကော်ဖီခြံကိုပါ လက်ဖွဲ့ချင်ကြောင်း ပြောထားပေမယ့် ငါ ကိုယ်တိုင်လည်း လက်ခံရမှာ ဝန်လေးတယ် နိုင်နိုင်း"

လမ်းလျှောက်ရင်း စကားပြောလာသည့် သူတို့ညီအစ်ကိုနှစ်ယောက် အိမ်တောင်ဘက်ရှိ အော်ရေးရှားပင်အောက်ကိုရောက်တော့ သစ်သား ခုံတန်းတစ်ဘက်ဆီတွင် မျက်နှာချင်းဆိုင် ထိုင်လိုက်ကြသည်။

"အောင်စာရင်းထွက်တဲ့ မနက်ကလည်း
ဦးမြတ်သောက အိမ်ကို ဂုဏ်ပြုလက်ဆောင်ပို့လိုက်သေးတယ် ကိုကြီး"

"ဟုတ်လား"

နိုင်နိုင်းက Jean Jacketရဲ့ အတွင်း အိတ်ကပ် ထဲမှ ဖုန်း အသစ်တစ်လုံးကို ထုတ်ပြလာတော့ မိုင်မိုင်း ယူကြည့်လိုက်၏။

"ဒီဖုန်းတစ်လုံးတောင် ဈေးမနည်းတာကို Mobile banking ထဲက ငွေ Amountကို မြင်တော့ ကျွန်တော် လန့်သွားရတယ်"

"Mobile banking ပါ တစ်ခါတည်းဖွင့်ပေးလိုက်တာလား"

"ဟုတ်တယ်...အဲဒီမှာ ကိုကြီး ကြည့်လိုက်...ဆေးကျောင်းကနေ ဘွဲ့ရတဲ့အထိ သုံးကုန်မှာမဟုတ်တဲ့ ငွေပမာဏကို ကျွန်တော် ဘယ်လိုလုပ် လက်ခံနိုင်မှာလဲ"

မိုင်Where stories live. Discover now