အပိုင်း [ ၁၄ ]

100K 10.9K 703
                                    

"အမေရှိလား မယ်ရီ"

"ရုံးခန်းထဲမှာ ရှိတယ် ကိုမြတ်သော"

Office ရှေ့ရှိ Receptionမှ အမေ့ရဲ့ အတွင်းရေးမှူးလေးက သူရောက်နေကြောင်း အမေ့ကို အရင် ဖုန်းဆက်ပေးတော့ အမေက ရုံးခန်းထဲကနေ ထွက်ကြည့်လာသည်။

"လာလေ မြတ်သော"

"ကျွန်တော် အမေနဲ့စကားပြောစရာရှိတယ်...အချိန် တစ်နာရီလောက် ရနိုင်မလား"

အမေက လက်ပတ်နာရီကို တစ်ချက် မြှောက်ကြည့်ပြီး ခေါင်းညိတ်ပြလာတော့ မြတ်သောမာန် အမေ့ရှေ့ကနေ အရင် Living Room ထဲကို ဝင်သွားလိုက်၏။

"မိုင်မိုင်းလေးရော နေကောင်းတယ်မလား"

အမေက သူနှင့် မျက်နှာချင်းဆိုင် Sofa ပေါ်တွင် ဝင်ထိုင်ရင်း မေးတော့ မြတ်သောမာန် မဖြေခင် သက်ပြင်း တစ်ချက်ရှိုက်မိသည်။

"မိုင်မိုင်း ပြဿနာ တစ်ခုနဲ့ ရင်ဆိုင်နေရတယ် အမေ...အဲဒါက အမေတို့ သိပြီးသား ကိစ္စလို့လည်း ကျွန်တော် ယူဆတယ်"

"လင်းရောင်သစ်လား"

ထိုနာမည် ကြားသည်နှင့် မျက်မှောင်တွေ ​ကြုတ်မိသည့် တုံ့ပြန်မှုက အဖြေပဲမို့ မြတ်သောမာန် အမေ မေးတာကို ခေါင်းညိတ် ခေါင်းခါပင် လုပ်စရာ မလိုတော့ပေ။

"အမေတို့ ကျွန်တော့်ကို သူ့အကြောင်း အနည်းအကျဥ်းတော့ ပြောပြထားသင့်တယ်...အခုကျတော့ မိုင်မိုင်း ထိခိုက်လာပြီးမှ ကျွန်တော် သိရတယ်လေ"

"ဘယ်လို ပြောခဲ့သင့်တာလဲ...မိုင်မိုင်းကို နှောင့်ယှက်နေတဲ့လူ ရှိတာမို့ မင်းက ကာကွယ်ပေးရလိမ့်မယ်လို့လား"

"ဘယ်လိုပဲ ပြောပြော ကျွန်တော်တို့ရဲ့ စေ့စပ်ခြင်းက ခေါင်းစဥ် ပြောင်းသွားမှာမှ မဟုတ်ပဲ"

"မင်းနဲ့မိုင်မိုင်းကို စေ့စပ်ပေးချင်ကြောင်း အမေ နားဖောက်တုန်းက
မိုင်မိုင်းရဲ့ မိဘတွေ လက်ခံလိုက်တယ်ဆိုတာ မိုင်မိုင်းကို လုံခြုံစေချင်လို့... မင်းကို ယုံကြည်ကြလို့...မင်းက ငါ့သားဖြစ်နေလို့...မင်းရဲ့အဖေ ပေးခဲ့တဲ့ အမွေ ကိစ္စတွေကို သူ့မိဘတွေ မသိသလို ကာယကံရှင် မိုင်မိုင်းလည်း မသိ​သေးဘူး...သိရင်လည်း လက်ခံကြမှာ မဟုတ်လို့ မင်းတို့နှစ်ယောက်သာ လက်ထပ်လိုက်ရင် အဆင်ပြေတယ်ဆိုပြီး မင်းအဖေနဲ့ငါ တိုင်တိုင်ပင်ပင် စီစဥ်ခဲ့တာတွေပဲ မြတ်သောမာန်...ဒါတွေ ငါ ဒီ မတိုင်ခင်က ပြောရင်ရော မင်း နားဝင်မတဲ့လား...မင်းက မာနကြီးတယ်...မင်းလုပ်ချင်တာပဲ မင်းလုပ်တယ်...မိုင်မိုင်းနဲ့တစ်အိမ်တည်း နေမှ မင်း ပြောင်းလဲလာတာတွေ ကိုယ့်ကိုယ်ကိုယ်လည်း သတိထားမိမှာပါ...အင်အားနည်းတဲ့ မိုင်မိုင်းက မင်းကို အကာအကွယ် တံတိုင်းအဖြစ် လိုအပ်သလို ကိုယ့်ကိုယ်ကိုယ်ပဲ ကြည့်တတ်တဲ့ မင်းကလည်း မိုင်မိုင်းဆီကနေ ချစ်ခြင်း မေတ္တာ အကြောင်း သင်ယူတတ်ဖို့ လိုနေတာပဲလေ...လူနှစ်ယောက် အေးအတူ ပူအမျှ လက်တွဲဖို့ဆို ချိန်ခွင်လို ဘက်ညီနေမှ ဖြစ်တယ် မြတ်သောမာန်ရဲ့"

မိုင်Where stories live. Discover now