အပိုင်း [ ၂ ]

126K 12.2K 1K
                                    

"ဒါ မင်းရဲ့အခန်း"

ဦးမြတ်သောမာန် ညွှန်ပြရာ အခန်းသည် မိုင်မိုင်းတို့ရဲ့အိမ် တစ်ထပ်စာမျှ ကျယ်ဝန်းလေ၏။

ကြည်ပြာရောင်လွင်လွင် လှိုက်ကာတွေက ပြတင်းမှဝင်ရောက်လာသည့် လေပြည်ညှင်းကြောင့် လွင့်လူးနေကြလျက်။

ခေတ်မီပရိဘောဂတွေဖြင့် ခမ်းနားထည်ဝါခြင်းက သေးငယ်အိုဟောင်းသော မိုင်မိုင်းရဲ့သစ်သားအခန်းလေးနှင့် နှိုင်းယှဥ်စရာ မရှိ။

နူးနူးညံ့ညံ့ တန်ဖိုးကြီး ကော်ဇော်ပေါ် ရပ်နေမိသော သူ မတန်မရာ သိမ်နုတ်သွားသလို ခံစားလိုက်ရ၏။

"ရေချိုး အဝတ်အစားလဲပြီး ဆင်းလာခဲ့"

"ဟုတ်ကဲ့"

ဦးမြတ်သောမာန် သူ့အခန်းရှေ့ကနေ ပြန်ထွက်သွားမှ မိုင်မိုင်း ခရီးဆောင်အိတ်ကို ဆွဲဝင်လာခဲ့သည်။

ပိုင်ဆိုင်မှုဆိုလို့ အဝတ်သုံးလေးစုံနှင့် စာအုပ်အဟောင်းတွေသာ ပါလာသည့်သူ့မှာ ထွေထွေထူးထူးတော့ သိမ်းဆည်းစရာ ရှိမနေ။

သူ နံရံကပ်ဗီရိုတွေကို ဆွဲဖွင့်ကြည့်လိုက်တော့ အန်တီစန္ဒာ ဘာပစ္စည်းမျှ မသယ်သွားခိုင်းတာကို နားလည်လိုက်ရ၏။

သူ့အတွက် အနွေးထည်တွေကစလို့ ခြေအိတ်တွေအထိ အကန့်လိုက် နေရာတကျ ။ဆယ်ကျော်သက်အရွယ် ယောက်ျားလေးတစ်ယောက်နှင့် လိုက်ဖက်မည့် အဝတ်အထည်တွေက အရည်အသွေးကောင်းသည့် Branded တွေချည်း။

ဖိနပ်စင်ပေါ်တွင် slippers ၊ sneakers ၊ shoes နဲ့ flip-flops တွေက  သူ့အမျိုးအစားအလိုက် စီစီရီရီ ရှိကြပြီး

မှန်တင်ခုံပေါ်မှာလည်း Skincare Productတွေ နဲ့ နာမည်ကြီး တံဆိပ် ရေမွှေးတွေက စုံစုံလင်လင်။

ရေချိုးခန်းကပင် သူ နေခဲ့သော အခန်းထက်ကျယ်လောက်သည်။

ရေချိုးဇလုံမြင်ပေမဲယ့်  မိုင်မိုင်း ရေမဖြည့်တတ်၍ အလွယ်တကူ ဖွင့်ရသော ရေပန်းဖြင့်သာ ချိုးလိုက်သည်။

နံရံကပ်စင်ပေါ်တွင် ယောက်ျားလေးသုံး ခေါင်းလျှော်ရည်တွေအပြင် Shower cream ၊ Facial cleanser တွေနှင့်မိုင်မိုင်း မသိတဲ့ ရေချိုးခန်းသုံး အမှတ်တံဆိပ်များက မနည်းမနော။

မိုင်Where stories live. Discover now