The Feeling

22.8K 1.1K 26
                                    

[Unicode]

*Warning: Contents contain more angst and brokenness


ဘရွတ်ကလင်းဘူတာဟာ ရှောင်းကျန့် ကျောင်းအသွားအပြန်လုပ်တဲ့ နေရာဖြစ်တယ်။ ပြီးတော့ ဘရွတ်ကလင်းဟာ နေဝင်ချိန်ဆို သိပ်လှတယ်။ သိပ်လှတဲ့ နေဝင်ချိန်ရဲ့ ဘရွတ်ကလင်းကို ရှောင်းကျန့်က သူ့ရဲ့ ပုံကြမ်းစာအုပ်ပေါ်မှာ တင်နိုင်ဖို့ အချိန်ယူနေတာ တစ်ပတ်ရှိသွားပြီ။ 

အသည်းကွဲနေတဲ့ ကောင်လေးတစ်ယောက်ကိုလည်း ဒီဘရွတ်ကလင်းဘူတာမှာ တွေ့ရတာလည်း တစ်ပတ်ရှိပြီပဲပေါ့။


တကယ်တော့ လူတစ်ယောက်က အသည်းကွဲနေလား မကွဲနေလားဆိုတာ ဘယ်သူကမှ အရေးတယူလုပ်မနေဘူး။ ကိုယ့်အပူနဲ့ကိုယ်တောင် ပူလောင်နေကြတဲ့ လူတွေက တစ်ဖက်သားရဲ့ ကြေကွဲမှုတွေကို အလုပ်ရှုပ်ခံပြီး တွေးပေးမနေတတ်တာက သူတို့ရဲ့ လည်ပတ်နေတဲ့ ပုံမှန်အလုပ်ပဲဖြစ်တယ်။

ဒါပေမဲ့ ရှောင်းကျန့်ကတော့ အပူရုပ်ကို ဖုံးဖိထားတဲ့ လူတွေရဲ့မျက်နှာကို အလွယ်တကူ ဖတ်နိုင်တယ်။ လူတွေရဲ့ စိတ်က ဖတ်ရ အရမ်းလွယ်ကူတယ်။ 

သူ့အရှေ့က ကောင်လေးကလည်း သူတွေ့နေကြလူတွေအတိုင်းပဲဖြစ်တယ်။ ကောင်လေးက အာရှသားလေး။ မျက်ပေါက်မှေးမှေးလေးနဲ့ ဖြူဆုတ်နေတဲ့ အသားအရည်ကြောင့် ဒီကောင်လေးက တရုတ်ဖြစ်မယ်လို့ ရှောင်းကျန့် ထင်ကြေးပေးတယ်။

ဒီကောင်လေးက ဘယ်အချိန်ကတည်းက ဘူတာရဲ့ ခုံတန်းလျားမှာ ထိုင်နေတတ်တာလဲ ရှောင်းကျန့် မသိဘူး။ ဒါပေမဲ့ ရှောင်းကျန့် ဘူတာကို ရောက်လာတိုင်းမှာ ဒီကောင်လေး ရှိနေတယ်။

ရှောင်းကျန့်က ရောက်လာတိုင်းမှာ ဒီကောင်လေးနဲ့ မျက်စောင်းထိုးမှာ ရှိတဲ့ ခုံတန်းလျားမှာ ထိုင်တယ်။ လွယ်အိတ်ထဲက ပုံကြမ်းစာအုပ်ကို ထုတ်တယ်။ ပြီးတော့ ပုစွန်ဆီရောင်ဖြစ်နေတဲ့ နေဝင်ချိန်အလှကို ဖမ်းမိအောင် ပုံကြမ်းဆွဲတယ်။ နေဝင်ချိန်ဘူတာအလှကို နောက်ခံပေးထားတဲ့ ကြေကွဲနေတဲ့ ကောင်လေးပါ အပါအဝင်ဖြစ်တယ်။


ပထမတစ်ရက် - ကောင်လေးကို စတွေ့တုန်းက သူက ခေါင်းငိုက်စိုက်ချထိုင်နေတာပဲဖြစ်တယ်။ တစ်နာရီ... တစ်နာရီလုံးလုံး ခေါင်းငိုက်စိုက်ချထားတဲ့ ကောင်လေးက သူ့ကို မော့ကြည့်လာတဲ့အခါမှာ နီနီရဲရဲနှာခေါင်းလုံးလုံးလေးက မာန်ဖီနေတဲ့ ကြောင်ပေါက်လေးအတိုင်းပဲ။ 

Chaos with you [Completed]Where stories live. Discover now