The Finale [Unicode]

6.7K 642 91
                                    

Zawgyi အတွက်က နောက်တစ်ပိုင်းကို သွားပေးပါ.

[Unicode]

တိုက်ခန်းမှာ ရှောင်းကျန့် တစ်ယောက်တည်း ကျန်နေခဲ့မယ်ဆိုရင် အန္တရာယ်များတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ပဲ ရိပေါ်က ရှောင်းကျန့်ရဲ့ နေ့ရက်တွေမှာ ပါဝင်ဖို့ ဖြစ်လာတယ်။

နေ့တွေက တစ်ရက်ပြီး တစ်ရက် ကုန်ဆုံးတယ်။

ဒါကို တစ်ယောက်မရှိရင် တစ်ယောက် မဖြစ်တော့တဲ့ နေ့ရက်တွေပါလို့ နာမည်တပ်ပါတယ်။

ဒီလက်တွေကို ဘယ်တော့မှ မလွှတ်တော့ပါဘူးဆိုတဲ့ တစ်ယောက်ရယ်၊ ကိုယ့်ကို နာကျင်စေခဲ့မှန်း သိသိရဲ့နဲ့ ကျူးလွန်ခဲ့သမျှ အပြစ်တွေကို အကုန် ခဝါချ ခွင့်လွှတ်ပေးပြီး ဒီလူရဲ့ ရင်ခွင်ထဲကိုပဲ ပြန်တိုးဝင်ချင်တဲ့ တစ်ယောက်ရယ်တို့ရဲ့ ကြားမှာ ဘယ်သူကများ ကြားဝင်လို့နေနိုင်မှာလဲ။

ရှောင်းကျန့်ကတော့ အန်ဒရူးအပေါ်ကို အားနာစိတ်ပဲ ဝင်မိတော့တာပဲ။

ဒါပေမဲ့ ရိပေါ်အနားမှာ နေနိုင်ဖို့အတွက်ဆိုရင် သူ့မှာ ရှိသမျှ အရာအားလုံးကို စွန့်လွှတ်နိုင်တယ်။ အင်း... အကုန်လုံးကို စွန့်လွှတ်နိုင်တယ်။ ရိပေါ်က လွဲလို့။

"အဲ့တော့ ကောက ကျွန်တော် ပြိုင်ပွဲနေ့တုန်းက လာခဲ့တယ်ပေါ့။"

"လာခဲ့တာပေါ့။ မင်းသာ မိုးမမြင်လေမမြင် ပျော်နေပြီးတော့။"

"ပျော်နေတယ်လို့ ဘယ်သူပြောလဲ။"

"..."

"ပျော်နေခဲ့တယ်လို့ ဘယ်သူပြောလဲလို့။

ကော သိရဲ့လား။ ကျွန်တော် အဲ့နေ့က ကောကို ပြန်တွေ့ရဖို့ ဘယ်လောက်တောင် ဆုတွေ တောင်းခဲ့လဲဆိုတာ"

"..."

"ယေရှုက ဆုတောင်းတွေလည်း မဖြည့်ပေးဘူး။"

"မရိုမသေနဲ့။ ပေါက်ကရတွေ။"

ရိပေါ်က ရှောင်းကျန့်ရဲ့ နဖူးကို ခပ်ဖွဖွအနမ်းပေးလိုက်တယ်။

"ရိပေါ်... ငါ မင်းကို ဘယ်တုန်းကမှ အပြစ်မတင်ခဲ့ဘူး။"

"..."

Chaos with you [Completed]Where stories live. Discover now