The heart wants what it wants

4.8K 791 61
                                    

[Unicode]

အချစ်ဟာ လူကို ရူးမိုက်စေတဲ့အရာဆိုရင် ရှောင်းကျန့်ဟာ ရိပေါ်အတွက် ရူးမိုက်တဲ့ လုပ်ရပ်တွေ အများကြီး လုပ်ပြီးသွားပြီပဲ ဖြစ်တယ်။

ရှောင်းကျန့်အခန်းထဲမှာ Heavenly က အခုထက်ထိ ထီးထီးတည်း နေရာယူထားဆဲပဲ။ လွန်ခဲ့တဲ့ ခြောက်နှစ်ကတည်းက ရှောင်းကျန့်ရဲ့ နောက်ဆုံး ပြပွဲမှာ Heavenly ကို ပြပြီးရင် ရိပေါ်ဆီကို တစ်ခါတည်း လွှဲလိုက်ဖို့ ပြခန်းတာဝန်ခံကို အကြောင်းကြားထားခဲ့ပေမဲ့ ဘယ်နားက ဘယ်လို နားလည်မှုလွဲသွားခဲ့လဲတော့မသိ၊ Heavenly က လွန်ခဲ့တဲ့ နှစ်နှစ်က ကိုကို့နာမည်နဲ့ သူ့ဆီကို ရောက်ချလာတယ်။

ရိပေါ်ဆီကို ပြန်ပို့ရမလား စဉ်းစားပါသေးတယ်။ ရူးနေတာ လို့ပဲ ကိုယ့်ကိုယ်ကိုယ် ပြန်ကောက်ချက်ချတာနဲ့ပဲ အဆုံးသတ်သွားရတယ်။ ဒီလိုနဲ့ပဲ Heavenly ကို မြင်တိုင်းမှာ အလွမ်းတွေက ထပ်လာရပြန်ပါတယ်။

အန်ဒရူးကတော့ Heavenly ကို လှတယ်လို့ မှတ်ချက်ပြုတယ်။ တကယ်တော့ Heavenly က လှရုံသက်သက်ပဲမှ မဟုတ်တာ။ Heavenly မှာ အဓိပ္ပာယ်တွေ အများကြီးပါတာကို ရေချယ်တစ်ယောက်ပဲ သိတယ်ထင်ပါရဲ့။

ရှောင်းကျန့်က ရိပေါ်နဲ့ ရေချယ့်အကြောင်းကို အန်ဒရူးကို ပြောပြထားဖူးတယ်။ ဆိုတော့ အန်ဒရူးက အကုန်သိတယ် အခု Heavenly က လွဲလို့။ ပြီးတော့ အန်ဒရူးနဲ့ တွဲတာကလည်း တစ်နှစ်တောင် ရှိသွားပြီ ဖြစ်တဲ့အချိန်မှာ ရှောင်းကျန့်ကလည်း သူ့ဘက်က အတတ်နိုင်ဆုံး အန်ဒရူးကို ပွင့်လင်းဖို့ ကြိုးစားတယ်။ ဒါပေမဲ့ အရာရာဟာ ထင်သလို မဖြစ်နိုင်ခဲ့တာ တစ်ခုပဲ။

ရည်းစားသက်တမ်း တစ်နှစ်အတွင်းမှာ အန်ဒရူးက သူ့ကို လက်ကိုင်တာရယ်၊ နဖူးနဲ့ နှုတ်ခမ်းကို ခပ်ဖွဖွ နမ်းတာရယ်လောက်ကသာ လွဲပြီး ဘာမှ အဆင့်မတက်နိုင်ခဲ့ဘူး။

ဘယ်အရူးက ဒီလိုလုပ်နိုင်မှာလဲ။ သေချာတာကတော့ ရှောင်းကျန့်က တကယ်ကို ရူးနေတာပဲ ဖြစ်မယ်လို့ သူ့ကိုယ်သူ ထင်ကြေးပေးတယ်။ သူဟာ တကယ်ကိုပဲ ဒီအချိန်တွေအထိ ရိပေါ်ကို မမေ့နိုင်သေးတာဟာ အမှန်တရားပဲ ဖြစ်တယ်။ ဥပမာပြောရရင်

Chaos with you [Completed]Wo Geschichten leben. Entdecke jetzt