Training Wheels

5K 760 31
                                    

[Unicode]

*တစ်ပိုင်းလုံးက နောက်ကြောင်းပြန်တဲ့အပိုင်းမို့ Italic (စာလုံးအစောင်း)တွေနဲ့ ရေးထားတာပါ။ And plus mini မီးနီ too.


"ကျွန်တော် *ဖော်မြူလာဝမ်း ဝင်ပြိုင်မလို့"

ရှောင်းကျန့်ရဲ့ ခေါင်မိုးထပ်အိမ်လေးမှာ ဖြစ်တယ်။ ရှောင်းကျန့်က ရိပေါ်ရင်ခွင်ထဲမှာ ဖြစ်ပြီး ရိပေါ်က ခပ်တင်းတင်းဖက်ထားတယ်။ တိုက်အပေါ်ဆုံးထပ် လေဟာပြင်မှာမို့ လေတွေက တဖြူးဖြူးတိုက်နေတယ်။ သူတို့နှစ်ယောက်ပေါ်မှာ ညဉ့်နက်ကောင်းကင်ထက် ကြယ်တွေက ပြန့်ကျဲလို့။

"ကော စိတ်ပူနေမှာ သိတယ်။"

ရိပေါ်က ကောင်းကင်ကို ငေးကြည့်ရင်း ပြောတယ်။

"သိသိကြီးနဲ့ စွတ်လုပ်တယ်ပေါ့။"

"အင်း...။ ကော စိတ်ပူပေးနေမှာကို သဘောကျတယ်။"

နှစ်ယောက် မျက်လုံးချင်းဆုံသွားတဲ့အချိန်မှာ ရိပေါ်က ရယ်တယ်။ ပြီးတော့ ရင်ဘတ်ကို လက်နဲ့ ပုတ်ပြရင်း...

"ကော ကျွန်တော့ကို စိတ်ပူပေးတဲ့အခါ ဒီထဲက ရူးမတတ် ခုန်ပေါက်နေတာ။ အဲ့ခံစားချက်ကို စောက်ရမ်းသဘောကျတယ်။"

ရှောင်းကျန့်က ရိပေါ်နှုတ်ခမ်းကို နမ်းတဲ့အခါ သွက်တဲ့ ရိပေါ်လက်တွေက ရှောင်းကျန့်ရဲ့ အဖြူရောင်ရှပ်အင်္ကျီပါးပါးလေးရဲ့ ကြယ်သီးတွေကို ဖြုတ်ပြီး ဆွဲချွတ်တယ်။

ရိပေါ်က ညှပ်ရိုးတွေပေါ် ခပ်စူးစူးကိုက်ချလိုက်တော့ ရီဝေဝေဖြစ်မှုတွေက စိတ်ကူးယဉ်အိပ်မက်တွေဆီ အလည်ခေါ်သွားတယ်။ ခန္ဓာကိုယ်မှာ ဖြစ်တည်လာတဲ့ အနီကွက်လေးတွေက ဒါက ရိပေါ်အပိုင်လို့ တံဆိပ်တပ်ခံရတယ်လို့ ခံစားရတိုင်း ရူးမတတ်ပဲ။

ခေါင်မိုးထပ်မှာမို့ လေတွေ တိုက်တယ်။ ဒါပေမဲ့ ရိပေါ်ဆီက ညင်သာမှုတွေ၊ ကြမ်းတမ်းမှုတွေ၊ ရူးသွပ်မှုတွေကို တပြိုင်နက်တည်း ရတဲ့အခါ ပတ်ဝန်းကျင်က အရာအားလုံးကို မေ့သွားရတယ်။

ရိပေါ်က တစ်ချက်တစ်ချက် အားနဲ့မာန်နဲ့ ဝင်တိုးတိုင်း၊ သူ့နာမည်ကို ခေါ်ညည်းတိုင်း၊ သူ့နှုတ်ခမ်းတွေကို တပ်မက်စွာ နမ်းရှိုက်တိုင်း၊ ရင်ဘတ်ပေါ် နေရာအနှံ့ နမ်းရှုံ့တိုင်းမှာ တိမ်တွေပေါ် ရောက်သွားရသလိုပဲ။ ညင်သာလိုက်၊ ကြမ်းတမ်းလိုက်နဲ့ သူမှသူ အရူးအမူးဖြစ်နေတဲ့ ရိပေါ်ကို ကြည့်ရင်း တကယ်တမ်း ရူးနေရတာက သူကိုယ်တိုင်ပဲ ထင်ပါရဲ့။

Chaos with you [Completed]Where stories live. Discover now