[Unicode]
'ကျန့်ကော... ကျွန်တော် လွမ်းနေခဲ့ရတာ' ဆိုတဲ့အနောက်မှာ သူ့ကမ္ဘာကြီးရဲ့ လှုပ်ရှားမှုအလုံးစုံက ရပ်တန့်သွားသယောင်ပဲ။
အနောက်ကို လှည့်မကြည့်ချင်ဘူး။ အနောက်ကို လှည့်မကြည့်လိုက်ရင် ကောင်းမယ်။ အနောက်မှာ သူ့ကို အသင့်စောင့်ဆိုင်းနေမယ့်လူကို ရင်မဆိုင်ရဲလို့။
ခြေထောက်တွေ ထုံကျင်နေရုံမကဘဲ အလုပ်လုပ်မယ့် ဦးနှောက်ကပါ ထုံနေပြီ ထင်ပါရဲ့။ လက်ဖျားတွေကပါ အေးစက်လာလိုက်တာ နောက်တစ်လှမ်းများ လှမ်းမိရင် လဲကျတော့မလား မသိ။
ဒါကြောင့်မို့ သူ နေရာမှာပဲ ရပ်နေလိုက်တယ်၊ ပြီးတော့ အသက်ကို ဖြေးဖြေးချင်း ရှူထုတ်တယ်။
အဆင်ပြေတယ်။
သူအဆင်ပြေတယ်။
သူ့ဦးနှောက်က အလုပ်လုပ်သေးတယ်။
ဒီအခြေအနေကို ကောင်းကောင်းရင်ဆိုင်နိုင်မယ်လို့ ထင်တယ်။
အဆင်ပြေနေတယ်မလား။
နှလုံးကလည်း ကောင်းကောင်းခုန်နေသေးတယ်လေ။
ဒါကြောင့် အရဲကိုးပြီး နောက်တစ်လှမ်း ထပ်လှမ်းတယ်။
"ကော... လှည့်ကြည့်ပါဦးလား ဒီဘက်ကို။"
တိုးတိုးနဲ့ ခပ်အက်အက်လေးပါပဲ။ ဒါပေမဲ့ နှလုံးသားရဲ့ အောက်ခြေနေရာကနေအထိ ကြားနိုင်လောက်အောင် သူ့အတွက် ကျယ်လွန်းလှတယ်။
ဒါပဲလား... ငါ့ကို ဖမ်းဆွဲထားဖို့ မကြိုးစားတော့ဘူးလား။ ရှေ့တစ်လှမ်း ထပ်မတိုးပါနဲ့၊ ကျွန်တော့ဆီ ပြန်လာပေးပါ လို့ မပြောတော့ဘူးလား ရိပေါ်ရာ...
ဒါပေမဲ့ ရိပေါ်ရဲ့ ဘယ်စကားကိုမဆို သူ မလွန်ဆန်နိုင်ခဲ့ဘူး ထင်တယ်။
သူအနောက်ကို လှည့်ကြည့်လိုက်တယ်။ မျက်လုံးချင်းဆုံသွားတဲ့ခဏမှာ ထွက်ပြေးမိခဲ့တယ်။ သူက ဆက်ပြေးတယ်။ ရိပေါ်က အနောက်ကနေ လိုက်တယ်။
ဖြစ်နိုင်တယ်။
ဖြစ်နိုင်ခဲ့တာကတော့
တစ်ယောက်သောသူက တစ်နေ့ ပြန်လာရှာပြီး
ဒီခံစားချက်တွေကို
![](https://img.wattpad.com/cover/220264466-288-k855879.jpg)