Colors

5.1K 788 77
                                    

[Unicode]

[ပထမတစ်ဖြတ်က နှစ်ယောက်အတူတူ ရှိနေခဲ့ဖူးတဲ့ အချိန်တစ်ခုကို နောက်ကြောင်းပြန်ထားတာမို့ Italic(စာလုံးအစောင်း)နဲ့ ရေးထားပါတယ်။]


ရှောင်းကျန့်က နေကောင်းမနေဘူး။ 

ဒါကို ရိပေါ်က ရှောင်းကျန့်ကို ဖလော်ရီဒါအထိ ဆွဲခေါ်သွားတယ်။


ဖလော်ရီဒါရဲ့ မိုတယ်တစ်ခုမှာ ရိပေါ်က ရှောင်းကျန့်ကို ညလုံးပေါက် ရင်ခွင်ထဲမှာ ထည့်ထားမယ်။

ရှောင်းကျန့်ရဲ့ လက်ဖဝါးနွေးနွေးလေးကို တစ်ညလုံး ဆုပ်ကိုင်ရင် ဆုပ်ကိုင်ထားလိမ့်မယ်။

နဖူးနဲ့ နှုတ်ခမ်းကို မကြာခဏ ဖွဖွလေး နမ်းရင် နမ်းလိမ့်မယ်။

ရှောင်းကျန့်က ဘာလို့များလဲလို့မေးရင် ရိပေါ်က ဒီတိုင်း လွမ်းလို့ လို့ ပြန်ဖြေလိမ့်မယ်။


ဖလော်ရီဒါရဲ့ နေထွက်ချိန်က တကယ့်ကို လှတယ်။

အဖျားကျခါစပြုနေပြီဖြစ်တဲ့ ရှောင်းကျန့်က ရိပေါ်ကို ဦးစီးဦးဆောင်ပြုပြီး မိုတယ်ရဲ့ ပြတင်းပေါက်ကို ကျော်တက်တယ်။ အောက်မှာ အသင့်ရှိနေတဲ့ ခေါင်မိုးပေါ်မှာ ရိပေါ်လက် ဆွဲပြီး ထိုင်တယ်။ ပြီးတော့ နေလုံးကြီး တဖြည်းဖြည်းထွက်လာတာကို စောင့်ကြည့်တယ်။

ခေါင်မိုးထပ်မှာ ရိပေါ်ရဲ့ ပခုံးကို မှီပြီး နေထွက်ချိန်ကို စောင့်ရတာက တကယ် ရင်ခုန်မှုအပြည့်။

ရိပေါ်က သူ ဆေးမသုံးတော့ဘူးဆိုတဲ့ အကြောင်း၊ ရှောင်းကျန့်သာ မရှိရင် မဖြစ်တော့ပါဘူးဆိုတဲ့အကြောင်း၊ မနက်နေထွက်ချိန်ကစလို့ ညနေ နေဝင်ချိန်အထိ ရှောင်းကျန့်နဲ့ အတူဖြတ်သန်းချင်တာပါဆိုတဲ့ အကြောင်း စတဲ့ စတဲ့ အကြောင်းပေါင်းမြောက်များစွာကို ပြောပြနေတာကို ရှောင်းကျန့်က စိတ်လှုပ်ရှားစွာနဲ့ ထိုင်နားထောင်တယ်။

"ကျွန်တော် အရင်က အခုထက် အများကြီး ဆိုးဖူးခဲ့တယ်။"

"အရင်က...? အခုကရော မဟုတ်ဘူးလား။"

Chaos with you [Completed]Where stories live. Discover now