We Still

5.2K 752 42
                                    

[အချိန်နောက်ကြောင်းပြန်လိုက်၊ လက်ရှိအချိန်ကို ပြန်လာလိုက်နဲ့ ရေးထားတာမို့ အဖြတ်တစ်ဖြတ်လုံးကို Italic(စာလုံးအစောင်း)နဲ့ ရေးထားရင် အချိန်နောက်ကြောင်းပြန်တာလို့ သိပေးရင် ရပါပြီ။]

[Unicode]

ရှန်ဟိုင်းရဲ့ မနက်ခင်းတွေက အရင်လိုပဲ နေသာတယ်။

ရှောင်းကျန့်အတွက် သမားရိုးကျ ရှန်ဟိုင်းမနက်ခင်းတွေမှာတော့ ဝမ်ရိပေါ် ဆိုတဲ့ ကောင်လေးတစ်ယောက် ပိုလာတယ်။ တစ်နေ့တာရဲ့ ပုံမှန်မဟုတ်တဲ့ လည်ပတ်ခြင်းတွေက ဒီကနေ စတင်ပါတယ်။

ကောင်လေးက ရှောင်းကျန့်တိုက်ခန်းရှေ့မှာ မနက်စာ ပါဆယ်ထုပ်နဲ့အတူ ရှောင်းကျန့် တံခါးမဖွင့်မချင်း ရပ်စောင့်ချင် စောင့်နေလိမ့်မယ်။ တခါတလေကျ စိတ်လိုလက်ရပြီဆိုရင် ရှောင်းကျန့်ကို ကော်ဖီဆိုင်ပဲဖြစ်ဖြစ် ဆွဲခေါ်သွားတတ်သေးတယ်။

ရှောင်းကျန့် ပန်းချီခန်းကနေ ပြန်လာမယ့် ညနေတွေဆိုရင် ရှောင်းကျန့်လက်ကို ဆွဲပြီး အနီးအနားက ခေါက်ဆွဲဆိုင်ကို ခေါ်သွားမယ်။ ပြီးရင်တော့ ရှောင်းကျန့်က သူ့ပန်းကန်ထဲက ကြက်သွန်မြိတ်တွေကို ရိပေါ်ပန်းကန်ထဲ မသိမသာလေး ထည့်ပေးပါလိမ့်မယ်။

ပန်းခြံနားမှာ မီးရှူးမီးပန်းတွေ ဖောက်တာ ရပ်ကြည့်နေမယ်ဆိုရင် ရိပေါ်က ရှောင်းကျန့်ကို ရင်ခွင်ထဲထည့်ပြီး ကောင်းကင်ယံကို ရှူးခနဲ တက်သွားတဲ့ မီးပန်းတွေကို ကြည့်နေတတ်တယ်။

ရှောင်းကျန့်ကတော့ ရိပေါ် ရင်ခွင်ထဲကနေ ရိပေါ်မျက်နှာကို ငေးကြည့်ရင်း

အခု သူ့လုပ်ရပ်တွေဟာ မှန်လား၊ မှားလား ချင့်ချိန်ရင်း

သူက ရိပေါ်နဲ့ အဝေးဆုံးကို ထွက်ပြေးနိုင်ပါ့မလားဆိုတာ စဉ်းစားရင်း...

ဒါဟာ ဝမ်ရိပေါ်နဲ့ ရှောင်းကျန့်တို့ရဲ့ ရှန်ဟိုင်းနေ့ရက်တွေပဲ ဖြစ်ပါတယ်။


မင်းနဲ့ တူတဲ့ ကြယ်၊ လေပြေ၊ တိမ်တိုက် ပြီးတော့ ငါ...။


"ရှောင်းကျန့် ဒါကို သိလား"

ရိပေါ်က ရှောင်းကျန့်က ရင်ခွင်ထဲ ဖက်ထားရင်း ပြောတယ်။ ပြီးတော့ နဖူးကို တစ်ချက် နမ်းရှုံ့လိုက်ရင်း

Chaos with you [Completed]Where stories live. Discover now