Cigarettes After Sex

5.7K 841 56
                                    

[Unicode]

"ကျန့်ကော..."

အရှေ့က အနက်ရောင်ဝတ် မိန်းကလေးကို ရှောင်းကျန့် ငေးကြည့်နေတာ ဘယ်လောက်တောင် ကြာသွားလဲ မသိတော့။ နာမည်ခေါ်သံကြားမှ အနောက်ပြန်လှည့်ကြည့်တော့ ရိပေါ်ရယ်။ လက်ထဲကိုင်ထားတဲ့ အဝါရောင် နေကြာပန်းပွင့်တွေက ရှောင်းကျန့်ကို လှမ်းနှုတ်ဆက်နေသလို။

ရိပေါ်က ကိုင်ထားတဲ့ နေကြာပန်းစည်းကို ရှောင်းကျန့်ကို လှမ်းပေးတယ်။ ပြီးတော့ Congratulations တဲ့။

နေကြာပန်းရဲ့ အဓိပ္ပာယ်က ဘာလဲဆိုတာတော့ ရိပေါ်က ရှောင်းကျန့်သိအောင် မပြောဖြစ်ပါဘူး။


"ရိပေါ်လည်း ဒီရောက်နေတာပဲ" ဆိုတာ ခုနက Congratulations ဆိုတဲ့ စကားနဲ့ မရှေးမနှောင်း ထွက်လာတဲ့ အသံပဲ ဖြစ်တယ်။ ရှောင်းကျန့် တချိန်လုံး ကြောက်လန့်နေခဲ့ရတဲ့ အခိုက်အတန့်ပါပဲ။

ရှောင်းကျန့်က ဒီခဏမှာ ရိပေါ်ရဲ့ အကြားအာရုံရော အမြင်အာရုံရောကို ပိတ်ထားလိုက်ချင်တယ်။ ရိပေါ်နဲ့ အနက်ရောင်ဝတ်မိန်းကလေးကြားမှာ တံတိုင်းကြီးသဖွယ် ကာထားလိုက်ချင်တာပဲ။


ရိပေါ်ရဲ့ နှုတ်ခမ်းထောင့်စွန်းတွေက ကော့တက်သွားတယ်။ ပြီးတော့ မျက်လုံးတွေကပါ အရောင်လက်လာသလိုပဲ။ တံတွေးမျိုချလိုက်လို့ လှုပ်သွားတဲ့ လည်စလုပ်က စိတ်လှုပ်ရှားနေကြောင်း အငွေ့အသက်ကို ဖော်ပြတယ်။ ရှောင်းကျန့် အရိပ်တကြည့်ကြည့်နဲ့ မျက်တောင်မခတ်စတမ်း ငေးကြည့်နေရတဲ့ ရိပေါ်ရဲ့ မျက်နှာအရိပ်အခြေတစ်ခုလုံးက အံ့အားသင့်ဟန်ကို တစ်စက်လေးမှ မပြဘူး။

ရိပေါ်က ရေချယ်နဲ့ တွေ့ပြီးသွားပြီပဲ။


"ရေချယ်..."

ရိပေါ်က ညင်ညင်သာသာလေး ခေါ်လိုက်တယ်။

ရှောင်းကျန့်အတွက်တော့ အရှင်လတ်လတ် ငရဲကျတဲ့ အခိုက်အတန့်ပါပဲ။ အရှေ့ကနှစ်ယောက်က ဝမ်းသာအယ်လဲ ဖြစ်နေတဲ့အချိန်မှာ သူကတော့ အလိုလို အနောက်ရောက်သွားသလို။

ရေချယ်က ဘယ်တုန်းကမှ ကောင်းသောလာခြင်း မဖြစ်ခဲ့ဘူး။

Chaos with you [Completed]Where stories live. Discover now