Dark Side

4.9K 764 71
                                    

[Unicode]

ရေချယ်က လေညင်းလိုပဲ ရိပေါ်ဘဝထဲကို သိမ်သိမ်မွေ့မွေ့နဲ့ တိုးဝင်လာခဲ့တာ။

ရေချယ့်ကို စစတွေ့တုန်းက ရိပေါ်အသက် ၁၃နှစ်၊ ရေချယ့်အသက် ၁၉နှစ်။

ဂေဟာကို လုပ်အားပေးအနေနဲ့ ရေချယ်ရောက်လာတုန်းက ရိပေါ်က ရန်ဖြစ်နေခဲ့တယ်။ အဲ့တုန်းက ဆိုးသွမ်းလွန်းပြီး ဆတ်ဆတ်ထိမခံတဲ့ ရိပေါ်နားမှာ ဖေးမပေးမယ့်သူ တစ်ယောက်မှ မရှိပေမဲ့ နွေးထွေးတဲ့ အနွေးဓာတ်ကို ကမ်းလင့်ပေးတဲ့သူဟာ ရေချယ်ဖြစ်နေခဲ့တယ်။ ချိုးချိုးနှိမ်နှိမ်ပြောခံရလွန်းလို့၊ အသားရောင်ခွဲခြားခံရလွန်းလို့၊ လူမျိုးခွဲခြားခံရလွန်းလို့ မခံနိုင်တဲ့အခါ ရန်ဖြစ်မိတော့ ဒဏ်ရာရလာရင် ကြင်နာစွာနဲ့ ဆေးထည့်ပေးမယ့်သူ တစ်ယောက်မှ မရှိခဲ့ပေမဲ့လည်း အဲ့တုန်းက ပြဲစုတ်သွားတဲ့ လက်ဖမိုးက အနာကို ရိပေါ် နာမှာစိုးပြီး လေတဖူးဖူး မှုတ်လို့ ဆေးထည့်ပေးတဲ့သူက ရေချယ်ပါပဲ။

ဒီလိုနဲ့ပဲ ရိပေါ်ရဲ့ ဆယ်ကျော်သက်နေ့ရက်တွေက ရေချယ်နဲ့ပဲ အစပြုခဲ့ရတယ်။ ကောင်းလည်း ရေချယ်ပဲ၊ ဆိုးလည်း ရေချယ်ပါပဲ။

စီးကရက်ကို ပထမဆုံး စမ်းသောက်ခဲ့တုန်းက

အယ်လ်ကိုဟောဆိုတာ ဘာလဲ စပြီး မြည်းစမ်းခဲ့စဉ်တုန်းက

ညဉ့်နက်သန်းခေါင် လမ်းသရဲ သူငယ်ချင်းတွေနဲ့အတူ ဂုံးတံတားအောက်မှာ အကြောထဲ ဆေးသွင်းခဲ့စဉ်တုန်းက

ရိပေါ်ရဲ့ ပထမဆုံးတွေမှာ ရေချယ်ဖြစ်နေခဲ့တယ်၊ ရေချယ် ရှိနေခဲ့တယ်။

သူ့ရဲ့ အရာရာဟာ ရေချယ်မှ ရေချယ် ဖြစ်ခဲ့အထိ...။

ရေချယ်က ဟီရိုအင်းလိုပဲ စွဲလန်းစေတယ်။ ပြီးတော့ စွဲမက်ဖို့ကောင်းခဲ့တယ်။

ရေချယ့်ကို ချစ်မြတ်နိုးစိတ်ကနေ တာဝန်မကင်းစိတ်က တစ်ခုသော နေ့တစ်နေ့ရဲ့ မထင်မှတ်ဘဲ ဖြစ်ခဲ့တဲ့ အက်စီးဒင့်ကနေ စခဲ့မယ်ထင်တယ်။

ရိပေါ်က လူတစ်မျိုး။ အသက် အန္တရာယ်နဲ့ နီးတဲ့ အားကစားတွေကို အရမ်း သဘောကျတတ်တာ။

Chaos with you [Completed]Where stories live. Discover now