အပိုင်း [ ၆ ]

106K 11.3K 704
                                    

"PAM Entertainment က Party ဖိတ်ထားပါတယ် Boss"

Elly ပေးလာတဲ့ ဖိတ်စာကို မြတ်သောမာန် ဖွင့်ဖတ်လိုက်သည်။

ပိုင်အံ့မှူး ရဲ့ အသက် ၃၀ နှစ်ပြည့် မွေးနေ့ပွဲ ဖိတ်စာ။

"Branded နာရီတစ်လုံး လက်ဆောင်ပြင်ပေးထားပါ Elly"

"ဟုတ်ကဲ့"

ညနေလေးနာရီခန့်တွင် မြတ်သောမာန် ရုံးဆင်းပြီး အိမ်ကိုပြန်လာတော့ အိမ်မှာ မိုင်မိုင်း မရှိ။ ငါးနာရီဆိုတာ အတန်းဆင်းချိန် လွန်နေပြီမဟုတ်လား။ သူ မှတ်ထားသည့် မိုင်မိုင်းရဲ့ အတန်းအချိန်ဇယားအရ ဒီနေ့ အတန်းချိန်က မွန်းလွဲ ၂ နာရီအထိပဲ ဖြစ်သည်။

သူ သတိထားမိသလောက် မိုင်မိုင်း ကျောင်းကနေ အိမ်ကို တန်းမပြန်တာ ဒီနေ့နဲ့ဆို သုံးရက်ရှိပြီ။ သူ မိုင်မိုင်းကို ကျောင်း အကြိုအပို့လုပ်ရတာ မပင်ပန်းလှပေမယ့် မိုင်မိုင်းက သူငယ်ချင်းတွေနှင့်အတူ သွားမည်ဆိုတော့ ခွင့်ပြုပေးလိုက်တာက ချုပ်ခြယ်သည်ဟု မထင်စေလို၍သာ ဖြစ်သည်။

မိုင်မိုင်း ဒီအိမ်မှာ လာနေကတည်းက မြတ်သောမာန် ကိုယ့်အလုပ်ကိစ္စတွေအပြင် မိုင်မိုင်းကိုပါ အာရုံစိုက်ထားရတာပင်။ ဆယ်ကျော်သက်ကောင်လေးတစ်ယောက်အတွက် ခြေတစ်လှမ်းမှားဖို့ လွယ်လွန်းနေသော ခေတ်ကြီးထဲ အရိုးခံ မိုင်မိုင်းကို သူ စိတ်ပူတာတော့ အမှန်။

အိမ်ရှေ့ကနေ ကားသံကြားတော့ မြတ်သောမာန် ရှပ်အင်္ကျီကြယ်သီး တပ်လက်စဖြင့် ဝရန်တာကို ထွက်ကြည့်လိုက်၏။ Marcedes benz အဖြူရောင်လေးပေါ်မှ ဆင်းလာသည့် မိုင်မိုင်းက လူငယ်တစ်ယောက်ပီပီ တက်ကြွရွှင်လန်းနေသည်။

"လိုက်ပို့တာ ကျေးဇူးပဲ ခွန်းဒီ"

"ရပါတယ်ကွာ...ဒါဆို ငါ သွားပြီ"

သူငယ်ချင်းဖြစ်သူကို နှုတ်ဆက်ပြီး အိမ်ထဲ ဝင်လာသော မိုင်မိုင်းဟာ အိမ်ပေါ်ထပ်ကနေ ဆင်းလာသည့် သူ့ကို မြင်တော့ အပြုံးတွေ မှိန်ဖျော့သွား၏။
တစ်ခါတလေကျ သူ ဒီကောင်လေးနှင့်ရင်းနှီးဖို့ မလွယ်သလို ခံစားရသည်။

"ခုတလော ကျောင်းဆင်းတာ နောက်ကျတယ်နော် မိုင်မိုင်း"

နောက်ကျဖို့ အကြောင်းတွေရှိနေလို့ အကြိုအပို့မလုပ်ခိုင်းတာလား ဟူသည့် သံသယ မျက်ဝန်းတွေနဲ့ စိုက်ကြည့်ပစ်တော့ မိုင်မိုင်းက မျက်လွှာတွေ ဝပ်ချလိုက်လေရဲ့။

မိုင်Where stories live. Discover now